Blogroll

Saturday, 6 April 2013

ဘာသာစော်ကားမှုဆန့်ကျင်တဲ့ ဥပဒေပြဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ထောင်နဲ့ချီရှိတဲ့ မူစလင်ဘာသာရေး စိတ်ဓာတ်ပြင်းထန်သူတွေဟာ အစိုးရကို ဘာသာစော်ကားမှု ဆန့်ကျင်ရေးဥပဒေ ပြဌာန်းပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဥပဒေပြဌာန်းပေးဖို့တောင်းဆို
ဆန္ဒပြကြသူတွေဟာ ဟိုက်ဖါဇတ်အီး အစ္စလာမ် (Hifazat-e Islam) အဖွဲ့ဝင်တွေနဲ့ အဲဒီအဖွဲ့အစည်းကို ထောက်ခံသူတွေ ဖြစ်ကြ ပါတယ်။

ဘာသာတရားမဲ့ပြီး အစ္စလာမ်ဘာသာအပေါ် စော်ကားသူတွေဆိုပြီး မူစလင် တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲကြတဲ့ ဘလော့ ရေးသားသူတွေကို တုံ့ပြန်ဖို့အတွက် ဥပဒေပြဌာန်းပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက အစ္စလာမ်ဘာသာ အပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ရေးသားလို့ဆိုပြီး ဘလော့ဂါတွေအပေါ် ဖိအားပေးမှုတွေ ရှိခဲ့တာပါ။ ၁၉၇၁ ခုနှစ် အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ အတွင်း စစ်ရာဇ၀တ်မှု ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သွေးကြွတွေကို သေဒဏ် အပြစ်ပေးဖို့ ဘလော့ဂါတွေက တောင်းဆိုနေကြပါတယ်။

အခုသီတင်းပတ် စောစောပိုင်းတုန်းကလည်း ဘလော့ဂါ လေးယောက်ကို ဘာသာရေးယုံကြည်မှု အပေါ် ပျက်ပြားစေအောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ဒါကာမြို့မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်သူ ဘလော့ဂါတဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages