Blogroll

Saturday, 6 April 2013

နဲလ်ဆင်မန်ဒဲလား ဆေးရုံကဆင်းပြီ

တောင်အာဖရိကသမ္မတဟောင်းရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပြီး ဆေးရုံတက်ကုသပြီး ၉ ရက်အကြာ ဒီနေ့ စနေနေ့မှာ သမ္မတဟောင်း နဲလ်ဆင်မန်ဒဲလား (Nelson Mandela) ဆေးရုံကဆင်းပြီဖြစ်ပါတယ်။

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတဟောင်း နဲလ်ဆင်မန်ဒဲလားရဲ့ ကျန်းမာရေး တိုးတက်ကောင်း မွန်လာပြီး စနေနေ့မှာ ဆေးရုံဆင်းခွင့်ရပြီလို့ တောင်အာဖရိက သမ္မတ ဂျေကော့ဘ် ဇူးမား (Jacob Zuma) က ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အဆုတ်အအေးမိရောဂါနဲ့ မတ်လ ၂၇ ရက်နေ့က မစ္စတာမန်ဒဲလား ကို ဆေးရုံတင်ခဲ့ရပြီးနောက်ပိုင်း နမိုးနီးယားရောဂါကို ကုသခဲ့ရပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာမန်ဒဲလား ဟာ တောင်အာဖရိကနိုင်ငံမှာ လူနည်းစု ဖြစ်တဲ့လူဖြူတွေ ကြီးစိုးတဲ့ အသားရောင်ခွဲခြားမှု ပြဿနာကို ဦးဆောင် ဆန့်ကျင်ခဲ့တဲ့အတွက် အကျဉ်းထောင်တွင်း ၂၇ နှစ် အကျဉ်းချခံရစဉ်ကတည်းက တီဘီ ရောဂါနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ ခံစားခဲ့ရတာဖြစ်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် နဲလ်ဆင်မန်ဒဲလား ဟာ ၁၉၉၄ ခုနှစ်မှာ တောင်အာဖရိကမှာ ပထမဆုံးလူမဲသမ္မတဖြစ်လာပြီး တန်းတူညီမျှရေး တိုက်ပွဲဝင်ခေါင်းဆောင်အဖြစ် ကမ္ဘာက ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages