Blogroll

Saturday, 6 April 2013

အင်ဒိုနီးရှားမှာ အားပြင်းငလျင်လှုပ်ခတ်

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းမှာ ပြင်းအားကြီးငလျင် လှုပ်ခတ်ခဲ့ပေမဲ့ ခုထက်ထိတော့ ဆူနာမီ သတိပေးချက်ထုတ်ပြန်မှုနဲ့ အပျက်အစီး အသေအပျောက် သတင်းပို့ချက်တွေ မရသေးဘူးလို့သိရပါတယ်။ အင်ဒိုနီးရှား Papua ခရိုင်မှာ စနေနေ့မနက် အစောကြီး ၄ နာရီ ၄၂ မိနစ်က ၇.၂ ပြင်းအားရှိတဲ့ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။


Enarotali မြို့အရှေ့ မိုင် ၁၅၀ လောက်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ လမ်းတွေပေါ် ထွက်ပြေးခဲ့ကြရ ပါတယ်။ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် အဆောက်အဦးတွေ ပြိုကျထိခိုက်မှာ စိုးတဲ့အတွက် လူတွေထွက်ပြေးခဲ့ရတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ တိုက်ကြီးတွေရဲ့ မြေသားပြတ်ရွေ့ကျောတွေ ရင်ဆိုင်တိုက်ခိုက်မှုဖြစ်တဲ့ ပစိဖိတ်ဒေသရဲ့ RING OF FIRE ခေါ်တဲ့ ဧရိယာထဲမှာ တည်ရှိနေတာဖြစ်လို့ မကြာခဏ မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်လေ့ရှိပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages