Blogroll

Sunday 1 September 2013

တောင်အာဖရိက သမ္မတဟောင်းမန်ဒဲလား ဆေးရုံကဆင်း

နာမကျန်းဖြစ်နေတဲ့ တောင်အာဖရိကသမ္မဟောင်း ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် နယ်လဆင်မဲန်ဒဲလား
 ဆေးရုံတက်နေတဲ့ တောင်အာဖရိကသမ္မတဟောင်း  Nelson Mandela  ဆေးရုံကနေ ဆင်းသွားပြီလို့ တောင်အာဖရိက သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

စနေနေ့တုန်းကတော့ မစ္စတာ မန်ဒဲလား ဆေးရုံကဆင်းပြီဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ ပြောဆိုခဲ့တာပါ။တနင်္ဂနွေနေ့ သမ္မတ Jacob Zuma ရဲ့ ရုံးကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့  မစ္စတာမန်ဒဲလားဟာ Pretoria ဆေးရုံကနေ ဆင်းသွားပြီး  Johannesburg က သူ့နေအိမ်မှာ ဆက်ပြီး အနားယူမယ်လို့ ဆိုပါတယ်။


မစ္စတာမန်ဒဲလားကို ဇွန်လ ၈ ရက်နေ့ကစပြီး သူ့ရဲ့ အဆုတ်ရောဂါ အခြေအနေ ပြန်လည် ဆိုးဝါးလာတာမို့ ဆေးရုံတင်ခဲ့ရတာဖြစ်ပါတယ်။ အခု အသက် ၉၅ နှစ် ရှိပြီဖြစ်တဲ့ အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးခေါင်းဆောင် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ အခြေအနေဟာ ဆိုးဝါးနေဆဲဖြစ်ပြီး  တခါတလေ တည်ငြိမ်မှုပါ မရှိတာတွေ့ရတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ နေအိမ်မှာတော့ အရေးပေါ်အခြေအနေအတွက် အနီးကပ်စောင့်ကြည့် ကုသပေးဖို့ ဆေးပစ္စည်း ကရိယာအစုံအလင် ထားရှိတယ်လို့ ဆိုပါတယ်။

မစ္စတာမန်ဒဲလားဟာ ပြီးခဲ့တဲ့ နှစ်အတွင်းမှာပဲ ဆေးရုံကို ခဏခဏ တက်ရောက်ပြီး ကုသမှု ခံယူခဲ့ရပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages