
ဆီးရီးယား နိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုအတွက် ပုပ်ရဟန်းမင်းကြီးက
ပြစ်တင်ရှုတ်ချလိုက်သလို တချိန်တည်းမှာပဲ အင်အားသုံး ဖြေရှင်းမယ့်
အစီအစဉ်ကိုလည်း ဆန့်ကျင်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဒမတ်စကတ်မြို့တော် ဆင်ခြေဖုံးအရပ်က တိုက်ခိုက်မှုဒဏ် ခံခဲ့ရတဲ့
သူတွေရဲ့ပုံတွေဟာ အခုအထိ ရင်ထဲမှာ မဖျောက်နိုင်သေးတဲ့ အကြောင်း
ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်လာတဲ့ ဗာတီကန်ကျောင်းတော်
စိန်ပီတာရင်ပြင်က တနင်္ဂနွေနေ့ တရားပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis
ကမိန့်ခဲ့တာပါ။
ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်မှုအတွက် သံသယရှိနေတဲ့ ဆီးရီးယားသမ္မတ Bashar
al-Assad အစိုးရအပေါ် စစ်ရေးအရ အရေးယူဖို့ တောင်းဆိုသံတွေနဲ့ ပြင်ဆင်မှုတွေ
ကြီးထွားလာနေတာကိုတော့ လက်မခံတဲ့သဘောထားကိုလည်း ရဟန်းမင်းကြီးက အလေးထား
ပြောဆိုသွားပါတယ်။ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ပြဿနာတွေ ပြေလည်မှု
မရနိုင်တာကြောင့် သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ညီရင်းအကိုလို
ဆွေးနွေးညှိနှိုင်းဖြေရှင်းကြဖို့ ပန်ကြားခဲ့တာပါ။
ဆီးရီးယားမှာ ငြိမ်းချမ်းမှု ရရှိရေးအတွက် ရှေ့သီတင်းပတ်ထဲ
ဆုတောင်းပွဲကိုလည်း တက်ရောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က
တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယားနိုင်ငံက ပြန်လာတဲ့
ကုလသမဂ္ဂ ဓာတုလက်နက် စစ်ဆေးရေးအဖွဲ့ရဲ့ နမူနာတွေကို အမြန်ဆုံး
လေ့လာသုံးသပ်ဖို့လည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ညွှန်ကြားခဲ့တာပါ။
သြဂုတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့
အစောပိုင်းမှာ ကြန့်ကြာမှုတွေ ရှိခဲ့ပေမဲ့ စစ်ဆေးမှုတွေ
လုပ်ဆောင်နိုင်ခဲ့ကြတဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူ အဖွဲ့ကတော့ စနေနေ့ကပဲ
ဆီးရီးယားနိုင်ငံက ပြန်လည်ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။


















Myanmar Kyat Converter




0 comments:
Post a Comment