Blogroll

Friday, 19 July 2013

အစ္စရေး-ပါလက်စတိုင်းဆွေးနွေးပွဲ ပြန်စနိုင်

အစ္စရေးနဲ့ ပါလက်စ်တိုင်းကြား နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေ တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘက်စ် နဲ့ တွေ့ဆုံပြီး ရာမာလာမြို့ကနေ ပြန်ရောက်လာခဲ့ပြီး တဲ့နောက် ဂျော်ဒန်နိုင်ငံ အာမန်မြို့မှာ မစ္စတာ ကယ်ရီက
ခုလို ကြေညာလိုက်တာဖြစ်ပါတယ်။ ပါလက်စတိုင်းနဲ့ အစ္စရေးကြား တိုက်ရိုက်ဆွေးနွေးမှုတွေ ပြန်စဖို့ အခြေခံသဘောတူညီမှုတွေ ရရှိခဲ့တဲ့အကြောင်းနဲ့ ဒါဟာ သိသာတဲ့တိုးတက်မှု ဖြစ်တဲ့အကြောင်း မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။

အသေးစိတ်လုပ်ငန်းတွေကိုတော့ ညှိနှိုင်းနေဆဲဖြစ်ပြီး၊ တကယ်လို့ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ပါလက်စတိုင်းနဲ့ အစ္စရေး အရာရှိတွေဟာ လာမယ့် သီတင်း တပတ် နှစ်ပတ်အတွင်း ၀ါရှင်တန်မြို့တော်ကို လာရောက်ပြီး ကနဦးအဆင့် ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။

အစ္စရေး ၀န်ကြီးချုပ် Benjamin Netanyahu နဲ့ ပါလက်စတိုင်းသမ္မတ အာဘက်စ် တို့ကိုလည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တဲ့အပေါ်မှာ မစ္စတာ ကယ်ရီက ချီးကျူးစကား ဆိုခဲ့ပါတယ်။ မစ္စတာ ကယ်ရီဟာ ဒီနှစ်အစောပိုင်း နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေ စတင်ယူခဲ့ချိန်ကစလို့ အရှေ့အလယ်ပိုင်းဒေသကို ငြိမ်းချမ်းရေးကြိုးပမ်းတဲ့ ခရီးစဉ်တွေ သွားရောက်နေခဲ့တာမှာ ဒါ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages