Blogroll

Friday, 19 July 2013

လှေစီးပြေးဒုက္ခသည် Australia မှာ လက်ခံတော့မည်မဟုတ်

သြစတေးလျနိုင်ငံကို ရောက်လာကြတဲ့ လှေစီးပြေး ဒုက္ခသည်အားလုံးကို အခု အချိန်ကစပြီး တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းမှာရှိတဲ့ Papua New Guinea ကျွန်းနိုင်ငံကို ပို့မယ်လို့ ၀န်ကြီးချုပ် Kevin Rudd က ပြောလိုက်ပါတယ်။

အခုလို သြစတေးလျကိုရောက်လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို ဆင်းရဲနွမ်းပါးတဲ့ အိမ်နီးချင်း ပါပူဝါနယူးဂီနီကို ပို့ဖို့အတွက် သြစတေးလျနိုင်ငံ အရှေ့ခြမ်း Brisbane မြို့မှာ ၀န်ကြီးချုပ် Kevin Rudd နဲ့
ပါပူဝါနယူးဂီနီဝန်ကြီးချုပ် Peter O’Neill တို့ ဒီကနေ့ သဘောတူ လက်မှတ်ထိုး လိုက်ကြတာပါ။

သြစတေးလျနိုင်ငံကို ရောက်လာကြမယ့် လှေစီးပြေး ဒုက္ခသည်တွေကို ပါပူဝါနယူဂီနီနိုင်ငံက Manus ကျွန်းကိုပို့ပြီး သူတို့ဟာ တကယ့် ဒုက္ခသည်တွေ ဟုတ်မဟုတ် စစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိတော့မှ သြစတေးလျ နိုင်ငံမှာ အခြေချ နေထိုင်ခွင့်ပြုမယ့်အကြောင်း ၀န်ကြီးချုပ် Kevin Rudd က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့လို နိုင်ငံကသူတွေ အင်ဒိုနီးရှားတို့၊ မလေးရှားနိုင်ငံတို့ကတဆင့် ဖြစ်ကတတ်ဆန်း လှေတွေနဲ့ သြစတေးလျနိုင်ငံကို ထွက်လာမှာကို ဟန့်တားဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို မူဝါဒသစ်ကို ချမှတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages