Blogroll

Sunday, 26 May 2013

Cannes ရုပ်ရှင်ပွဲတော် အကောင်းဆုံးဆု ပြင်သစ် ဇာတ်ကား ရရှိ

ကမ္ဘာတဝှမ်း ရုပ်ရှင်လောကမှာ အထင်ရှားဆုံး တခုဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်ရဲ့ ၆၆ ကြိမ်မြောက် အခန်းအနားအတွင်း အမျိုးသမီးချင်း စုံမက်တဲ့ အကြောင်း အခြေခံရိုက်ကူးထားတဲ့ ပြင်သစ်ဇာတ်ကားတကားနဲ့ ဟောလိဝုဒ်က ဝါရင့် သရုပ်ဆောင်တဦးတို့ ထိပ်တန်းဆုတွေ ဆွတ်ခူးသွားကြပါတယ်။

ဆယ်ကျော်သက်ရွယ် မိန်းကလေး တယောက်နဲ့ သက်ကြီးပိုင်း အမျိုးသမီးတဦးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်တဲ့ Blue is the Warmest Color အပြာ ရောင်ဟာ အနွေးထွေးဆုံး အရောင်လို့ အမည်ပေးထားတဲ့ ဇာတ်ကားက Palme d'Or အကောင်းဆုံးဇာတ်ကားဆုကို ရရှိသွားတာပါ။ တူနီးရှား နိုင်ငံဖွား ဒါရိုက်တာ Abdellatif Kechiche ကတော့ အောင်မြင်တဲ့ တော်လှန်ရေးတခုကနေ လွတ်လပ်မှုကို မြတ်နိုးပြီး လွတ်လပ်မှုအောက်မှာ ရှင်သန်နေထိုင်နိုင်ခွင့် ရလာကြတဲ့ တူနီးရှားလူငယ်တွေကို သူရလာတဲ့ဆုနဲ့ ဂုဏ်ပြုလိုတဲ့အကြောင်း ပြောခဲ့ပါတယ်။

Nebraska ဇာတ်ကားထဲမှာ အမွေဆက်ခံဖို့ အိမ်ပြန်လာတဲ့ အဖိုးအိုတယောက်အဖြစ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား Bruce Dern ကတော့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိခဲ့တာပါ။ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ the Past အတိတ်ဆိုတဲ့ ဇာတ်ကားက မင်းသမီး Berenice Bejo ဆွတ်ခူးသွားပါတယ်။

တခြားဆုတွေထဲမှာတော့ ဒုတိယအကောင်းဆုံး ဇာတ်ကားဆုအဖြစ် ၁၉၆ဝ ပြည့်လွန်နှစ်တွေတုန်းက ကျေးလက်အဆိုတော် တယောက်အကြောင်း ရိုက်ကူးထားတဲ့ Inside Llewn Davis အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ Heli အမည်ရှိတဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေအကြောင်း ရိုက်ကူးခဲ့တဲ့ မက္ကဆီကို နိုင်ငံက Amat Escalante က ရရှိခဲ့သလို အကောင်းဆုံး ဇာတ်ညွှန်းဆုကိုတော့ အကျင့်ပျက် ခြစားမှုတွေကို ဆန့်ကျင်သူ တရုတ်လူမျိုးတွေအကြောင်း ရိုက်ကူးထားတဲ့ A Touch of Sin ဇာတ်ကားက တရုတ်လူမျိုး Jia Zhangke က ရရှိသွားခဲ့ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages