Blogroll

Sunday, 26 May 2013

မော်ဝါဒီသူပုန်တိုက်ခိုက်မှု အိန္ဒိယကွန်ကရက်ပါတီဝင် တချို့သေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ မော်ဝါဒီသူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ အာဏာရ ကွန်ကရက်ပါတီတာဝန်ရှိသူတွေ အပါအ၀င် ၂၇ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

Chhattisgarh ပြည်နယ်ရဲ့ တောတောင်ထူထပ်တဲ့ Sukuma ဒေသမှာ ခရီးထွက်နေတဲ့ ကွန်ကရက်ပါတီဝင်တွေရဲ့ ယာဉ်တန်းကို အင်အားအတော်များတဲ့ မော်ဝါဒီသူပုန်တွေ က စနေနေ့နေ့လည်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မော်ဝါဒီသူပုန်တွေကိုနှိမ်နင်းဖို့ ဒေသခံ Salwa Judum ပြည်သူ့စစ်တပ်ဖွဲ့ ထူထောင်သူ ပြည်နယ်ကွန်ကရက်ပါတီတာဝန်ခံ Mahendra Karma လည်း သေဆုံးသူတွေထဲမှာ ပါဝင်ပါတယ်။ ပြည်နယ်ကွန်ကရက်ပါတီအကြီးအကဲ Nand Kumar Patel နဲ့ သူ့ရဲ့ သားလည်းသေဆုံးခဲ့ပါတယ်။

အဲဒီပြည်နယ်မှာ ကွန်ကရက်ပါတီကအဓိကအင်အားအများဆုံးဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ပြီးအပြန်မှာ အတိုက်ခံရတာ ဖြစ်ပါတယ်။
ကွန်ကရက်ပါတီဥက္ကဋ္ဌ Sonia Gandhi က ဒီတိုက်ခိုက်မှုဟာ အိန္ဒိယနိုင်ငံရဲ့ ဒီမိုကရေစီ အနှစ်သာရတွေကို တိုက်ခိုက် လိုက်တာဘဲလို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ၀န်ကြီးချုပ် Manmohan Singh ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages