Blogroll

Friday, 17 May 2013

ဆိုင်ကလုန်း မဟာစင် ကြောင့် ဘင်္ဂလားမှာ လူဆယ်ကျော်သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ကုန်းတွင်းပိုင်းကို မ၀င်ရောက်မီ မဟာစင် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းသွားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။


အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှော့ချ မသတ်မှတ်ခင် စစ်တကောင်းနဲ့ Cox’s Bazar မြို့တွေမှာ အပြင်းအထန် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီကနေ့ စတင် ရှင်းလင်းနေကြပါ ပြီ။ အားပြင်းတဲ့ မုန်တိုင်းအဖြစ်နဲ့ ၀င်ရောက် လာနိုင်တယ်လို့ မိုးလေ၀သ ဌာနတွေက အစောပိုင်းမှာ ခန့်မှန်းထားခဲ့သလို၊ မုန်တိုင်းကြောင့် လူ ၈ သန်းကျော်လောက်ကို ထိခိုက်နိုင်တဲ့အကြောင်း ကုလသမဂ္ဂကလည်း သတိပေး ထားခဲ့ပြီးနောက် လူပေါင်း ၁ သန်းလောက်ကို ဘေးလွတ် ရာ ပြောင်းရွှေ့ပေး ခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းနဲ့အတူ မိုးသည်းထန်၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း အနိမ့်ပိုင်း ဒေသတွေမှာတော့ တဲအိမ်ထောင်ပေါင်းများစွာ ပျက်စီး မှုတွေ ရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။ ဆိုင်ကလုန်း မဟာစင်ဟာ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းဝင်ရောက်ပြီး အားပျော့ပျက်ပြယ် သွားပေမဲ့လည်း မုန်တိုင်းဒဏ်ကြောင့် နောက်ဆက်တွဲ မြေပြိုကျမှုတွေလို အန္တာရာယ်တွေ ရှိနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages