Blogroll

Thursday, 2 May 2013

အိန္ဒိယစပိုင် ပါကစ္စတန်ထောင်ထဲမှာသေဆုံး

ပါကစ္စတန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ အိန္ဒိယသူလျှို Sarabjit Singh ဟာ  အတူအကျဉ်းကျနေသူ ၂ ဦးရဲ့ အုတ်ခဲနဲ့ထုနှက် တိုက်ခိုက်မှုကြောင့် ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့သောကြာနေ့က Lahore က Kot Lakhpat အကျဉ်းထောင်မှာ အတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ဆေးရုံမှာ ကုသမှု ခံယူနေခဲ့ရတာပါ။


သူ့ကို ပါကစ္စတန်နိုင်ငံတွင်း လူ ၁၄ ဦးသေဆုံးခဲ့ရတဲ့ ဗုံး အများအပြားဖောက်ခွဲမှု၊ သူလျှိုလုပ်မှုတွေနဲ့ ၁၉၉၀ ခုနှစ် တုန်းကဖမ်းဆီးထားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေဟာ ရက်စက်ကြမ်းကြုပ်တဲ့ လုပ်ရပ်တွေဖြစ်တာမို့ တာဝန်ရှိသူကို အပြစ်ပေးအရေးယူဖို့ အိန္ဒိယ၀န်ကြီးချုပ် မန်း မိုဟန်ဆင်းက ပြောကြားခဲ့ပါတယ်။

Singh သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးသူအတွက် အသုဘကျင်းပပေးဖို့ သူ့ရဲ့ရုပ်အလောင်းကို ပြန်ပေးဖို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက ပန်ကြားခဲ့ပါတယ်။

အခုလို ထောင်ထဲမှာ အတိုက်ခိုက်ခံရတာအတွက် အံ့သြတုန်လှုပ်ရကြောင်းနဲ့ ပါကစ္စတန် အကျဉ်းထောင်တွေထဲက အိန္ဒိယ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို သေသေချာချာ လုပ်ဆောင်ပေးဖို့လည်း ပြောကြားခဲ့ပါတယ်။

Singh အတွက် အသနား ခံစာတင်သွင်းခဲ့တာကို ၂၀၀၈ ခုနှစ်တုန်းက  အဲဒီအချိန်က သမ္မတဖြစ်တဲ့ Pervez Musharraf က ငြင်းပယ်ခဲ့ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages