Blogroll

Thursday, 2 May 2013

အမေရိကန်နိုင်ငံသားတဦးကို မြောက်ကိုရီးယား ထောင်ဒဏ်ချမှတ်

မြောက်ကိုရီယားနိုင်ငံကို ဆန့်ကျင်တဲ့ ရန်လိုတဲ့လုပ်ရပ်မျိုး ကျူးလွန်တာတွေ့ရတဲ့ အတွက် အမေရိကန်နိုင်ငံသား Kenneth Bae ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ မြောက်ကိုရီးယားက ကြေညာပါတယ်။


အင်္ဂါနေ့က မြောက်ကိုရီးယား တရားရုံးကနေ အမေရိကန်နိုင်ငံမှာ Kenneth Bae လို့သိကြတဲ့ အသက် ၄၄ နှစ်အရွယ် Pae Jun-ho ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိရတာမို့ အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာလို့ မြောက်ကိုရီးယားအစိုးရ ဗဟိုသတင်းအေဂျင်စီက ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။

သူဟာ မြောက်ကိုရီးယား အစိုးရကိုဖြုတ်ချဖို့ရည်ရွယ်ပြီး ဒီပြစ်မှုကိုကျူးလွန်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက အရင်တုန်းကပြောခဲ့ပေမဲ့ ဘာပြစ်မှုမျိုးကျူးလွန်ခဲ့တယ် ဆိုတာကိုတော့ သေသေချာချာ မပြောခဲ့ပါဘူး။

သူ့ကို ရုရှားနဲ့ တရုတ် နယ်နိမိတ်နားမှာရှိတဲ့ အရှေ့မြောက်ပိုင်း အထူးစီးပွားရေးဇုံထဲက Rason ဆိပ်ကမ်းမြို့ကလေးမှာ နိုဝင်ဘာလကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူဟာ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ ကိုရီးယားနိုင်ငံဖွား အမေရိကန် နိုင်ငံသားတဦးဖြစ်ပြီး သူ့ဆီက အတိမ်းအစောင်းမခံတဲ့ အငြင်းပွားဖွယ် အချက်အလက်တွေပါတဲ့ ကွန်ပျူတာကို တွေ့ရှိခဲ့တာပါ။

ဒီသီတင်းပတ်အစောပိုင်းတုန်းကတော့ သူ့ကို လူသားချင်းစာနာမှုနဲ့ လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာန က တောင်းဆိုခဲ့ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages