Blogroll

Saturday, 20 April 2013

သမ္မတဟောင်းမူရှာရက်(ဖ်)ကို တရားသူကြီးတွေချုပ်နှောင်ခဲ့မှုနဲ့ဖမ်းဆီး

၂၀၀၇ ခုနှစ်တုန်းက တရားသူကြီးတွေကို တရားမ၀င်ထိန်းသိမ်းခဲ့မှုအတွက် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရက်(ဖ်)ကို အကြမ်းဖက်မှုခင်းဆိုင်ရာ တရားရုံးကို ခေါ်ယူပြီးစစ်ဆေးခဲ့ပါတယ်။

စနေနေ့မှာ တရားရုံးကို ရုံးထုတ်လာတဲ့ မစ္စတာမူရှာရက်(ဖ်)ကို နောက်ထပ်ကြားနာ စစ်ဆေးမယ့် မေလ ၄ ရက်နေ့အထိ ဆက်လက်
ထိန်းသိမ်းထားဖို့ တရားရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲတဲ့အမှုမှာ လိုက်ပါထွက်ဆိုပေးမယ့် မျက်မြင်သက်သေ ၁၄ ယောက်ရှိပါတယ်။

မစ္စတာမူရှာရက်(ဖ်)ကို သောကြာနေ့မှာ ဖမ်းဆီးလိုက်ပြီးတဲ့နောက် သူ့ကို အစ္စလာမ်မာဘက်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ် အရာရှိရိပ်သာမှာ ထိန်းသိမ်းထားပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှပြီဖြစ်တဲ့ မစ္စတာ မူရှာရက်(ဖ်)ဟာ သောကြာနေ့တုန်းက သူ့ရဲ့ Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကနေ သူ့အပေါ် စွဲဆိုထားချက်တွေဟာ နိုင်ငံရေးပရောဂ မကင်းတဲ့ ထိုးနှက်တိုက်ခိုက်မှုတွေဖြစ်ပြီး ပြန်လည် တိုက်ခိုက်သွားမယ်လို့ ရေးသားထားပါတယ်။

မူရှာရက်(ဖ်)ရဲ့ရှေ့နေ အာမက် ရာဇာ ကာဇူရီ က သူ့အမှုသည်ရဲ့အယူခံကို ဗဟိုတရားရုံးချုပ်မှာ အယူခံတင်သွင်းမှာ ဖြစ်တယ်လို့ ဗွီအိုအေ ကိုပြောပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages