Blogroll

Saturday 20 April 2013

တရုတ်ငလျင် ၁၅၀ ကျော်သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ စနေနေ့က ပြင်းထန်တဲ့ငလျင်လှုပ်သွားလို့ သေဆုံးသူအရေအတွက်က ၁၅၀ ကျော်သွားပြီဖြစ်ပြီး ဒဏ်ရာရသူအရေအတွက်ကတော့ ၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။ ငလျင်ဘေးသင့်သူတွေကို ကယ်တင်ဖို့ ထိခိုက်ဒဏ်ရာရမှုတွေကို လျော့နည်းအောင် လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့နည်းပေါင်းစုံ အသုံးပြုပါလို့ သမ္မတ ရှီကျင်းဖျင်က အမိန့်ထုတ်ထားကြောင်း တရုတ်အစိုးရရဲ့ Xinghua သတင်းဌာနက ဖော်ပြပါတယ်။


ငလျင်ပြင်းအားက ၇.၀ ရှိတယ်လို့ တရုတ်အရာရှိတွေက ကြေညာပြီးတော့ အမေရိကန် ဘူမိတိုင်းတာရေးဌာနကတော့ ပြင်းအား ၆.၆ ရှိတယ်လို့ ပြောပါတယ်။ ငလျင်က အနက် ၈ မိုင်ကို ဗဟိုပြုပြီးတော့ လှုပ်သွားတာဖြစ်ပါတယ်။

တရုတ် ကြည်းတပ်နဲ့ လေတပ်တို့က ဝေဟင်ကနေ ရိုက်ယူထားတဲ့ဓာတ်ပုံတွေကို အစိုးရ ရုပ်မြင်သံကြားမှာပြသတော့ လုံးချင်းအိမ်တွေ ပျက်စီးနေတာတွေ့ရပြီး အိမ်လုံးကျွတ် ဘာမှမကျန်အောင် ပျက်စီးသွားတာတွေလည်း ရှိပါတယ်။

ဇီချွမ်ပြည်နယ်မှာ ၂၀၀၈ ခုနှစ်ကလည်း ငလျင်ကြီးတခါ လှုပ်ခဲ့ပြီး အဲဒီတုန်းကတော့ လူပေါင်း ခုနှစ်သောင်း သေဆုံးခဲ့ရတာဖြစ်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages