Blogroll

Saturday, 20 April 2013

ဘော်စတွန်ဗုံးတရားခံ ဒဏ်ရာပြင်းထန်

ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိခံရသူ Dzhokhar Tsarnaev ဟာ ထိခိုက်ဒဏ်ရာရမှုကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီးတော့ ဘော်စတွန်မြို့က ဆေးရုံမှာ အစောင့်အကြပ် ထူထူထပ်ထပ်နဲ့ ရှိနေပါတယ်။ ၂၄ နာရီကြာ ရဲက လိုက်ရှာပြီးတော့မှ ရဲက သူ့ကို ဘော်စတွန်မြို့ ဆင်ခြေဖုံးတခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။


ဖမ်းဆီးမိတုန်းက သွေးထွက်လွန်နေပြီဖြစ်တဲ့ Dzhokhar Tsarnaev ကို သူနဲ့သူ့အစ်ကို ဘာကြောင့် ဗုံးခွဲရလဲဆိုတာကို မေးခွန်းကို ပြန်ဖြေနိုင်တဲ့အနေအထားမှာ မရှိဘူးလို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။ သူ့ကို ဘာအမှုနဲ့ တရားစွဲမလဲဆိုတာ ပြည်ထောင်စုအစိုးရရှေ့နေတွေ စဉ်းစားဆုံးဖြတ်နေကြဆဲ ဖြစ်ပါတယ်။ သူ့ကို တရားရုံးတင်ရင်လည်း ပြည်ထောင်စုအစိုးရက ပေးတဲ့ တရားခံရှေ့နေက ကာကွယ်လျှောက်လဲမယ်လို့ ရှေ့နေရုံးက ပြောပါတယ်။

ဗုံးခွဲသူနှစ်ဦးထဲက တဦး သေဆုံးသွားပြီးတော့ နောက်တဦးကလည်း ဖမ်းမိထားပြီဖြစ်လို့ ဘော်စတွန်ဒေသခံတွေလည်း တပတ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ စနေနေ့ကတော့ စိတ်အေးချမ်းသာရှိသွားကြတာ တွေ့ရပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages