Blogroll

Sunday, 21 April 2013

အမေရိကန်လူ့အခွင့်အရေးချိုးဖောက်ဟု တရုတ်ဝေဖန်

အမေရိကန်ပြည်ထောင်စုဟာ ကိုယ့်နိုင်ငံသားတွေကို ကိုယ်ပြန်ထောက်လှမ်းနေ သလို အမျိုးသမီးတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လုပ်နေရုံသာမက သေနတ်ကိုင်ဆောင်ခွင့်ကို မထိန်းချုပ်နိုင်ဘဲ ရာဇ၀တ်ပြစ်မှုတွေ ကျုးလွန်ခွင့်ပြုထားတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။


အမေရိကန်အစိုးရက တရုတ်အစိုးရရဲ့ လူ့အခွင်အ့ရေး ချိုးဖောက်မှုတွေအတွက် ဝေဖန်တာကို တရုတ်အစိုးရက တနင်္ဂနွေနေ့မှာ အခုလို တုံ့ပြန်လိုက်တာပါ။

အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံရေးဆိုင်ရာ အလှူငွေလက်ခံပြီး နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ပျက်စီးစေတဲ့အပြင် ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေလည်း တိုးလာတာ တွေ့ရတယ်လို့ တရုတ်အစိုးရနိုင်ငံတော်ကောင်စီ ၀န်ကြီးများအဖွဲ့ရဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာကို Xinghua သတင်းက ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်တွေရဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေမှာ ဆင်နွှဲတဲ့ စစ်ပွဲတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

တရုတ်အစိုးရရဲ့ ဒီအစီရင်ခံစာဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကမ္ဘာတလွှား လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စစ်ဆေးတွေ့ရှိချက် နှစ်ပတ်လည် စာတမ်းထုတ်ပြန်ခဲ့တာကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။   အမေရိကန်အစိုးရရဲ့ သောကြာနေ့ကထုတ်ပြန်တဲ့ စာတမ်းထဲမှာ တရုတ်နိုင်ငံမှာ အစိုးရက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ
ကို ပုံမှန်ခြိမ်းခြောက် အကြပ်ကိုင်နေတာနဲ့အတူ  ဖိနှိပ်ညှင်းပမ်းမှုတွေ အရင်အတိုင်းပဲ ရှိနေသေးတယ်လို့ ပြောကြားခဲ့တာပါ။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ဆက်နွယ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages