Blogroll

Sunday, 21 April 2013

အကြမ်းဖက်မှုတိုက်ဖျက်ရေး အမေရိကန်နဲ့ ရုရှားပူးပေါင်းမည်

ဘော်စတွန်မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခံရပြီးတဲ့နောက်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ ပိုမိုပူးပေါင်းပြီး လက်တွဲ လုပ်ဆောင်မယ်လို့ အမေရိကန်နဲ့ ရုရှားတို့က ကတိပြုလိုက်ကြပါတယ်။

သောကြာနေ့ညနေက ဘော်စတွန် ဗုံးခွဲမှုနဲ့ အလိုရှိနေတဲ့ ရုရှားနိုင်ငံ Chechen နယ်သား ဇိုခါ
ဆာနေယက်ဗ် (Dzhokhar Tsarnaev) ကို အမေရိကန်အစိုးရက ဖမ်းဆီးနိုင်ခဲ့တဲ့နောက် စနေနေ့က အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အခုလို ပြောကြားခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူနဲ့ Kremlin တို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာပါ။

တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးဖေါက်ခွဲမှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘရက်အိုဘားမား ဆီကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimier Putin) က ထပ်တလဲလဲ ၀မ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့တယ်လို့  Kremlin က ပြောပါတယ်။  နှစ်နိုင်ငံကြား လုံခြုံရေးကိစ္စရပ်တွေကို ပိုမိုအနီးကပ်လက်တွဲ လုပ်ဆောင်ကြဖို့ နည်းလမ်းတွေအတွက် သမ္မတ ပူတင် က ဆွေးနွေးလိုတယ်လို့ဆိုပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း ဘော်စတွန် တိုက်ခိုက်မှုနောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုအပါအ၀င် အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံက အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကမ်းလှမ်းလိုက်တာကြောင့် ၀မ်းသာတဲ့အကြောင်း တုံ့ပြန်လိုက်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages