Blogroll

Monday 2 September 2013

Huawei Y Series တွေမှာ Speaker လဲပြီးနောက် Touch မရတော့တဲ့ပြဿနာ ဖြေရှင်းနည်း


 Hardware Service သမားတွေ ဝမ်းသာရမယ့် သတင်းတစ်ပုဒ်ပါ.. သိပြီးသားဆိုရင်လည်း လူတတ်ကြီးလုပ်တယ်လို့ မယူဆစေလိုပါ..

Huawei Y series တွေကို Speaker လဲလိုက်ပြီဆိုတာနဲ့ Touch Error တက်ပါတယ်.. ဖုန်း Hardware Service သမားအချို့ကတော့ Touch Screen များ တစ်ခုခုဖြစ်သွားပြီလား စိုးရိမ်ကြပါတယ်.. Customer ကလည်း သူ့ဆီမှာ အသံမမြည်လို့ Speaker လဲတဲ့ခါမှာ နှိပ်လို့ကို မရတော့ဘူးဆိုပြီး ပြဿနာရှာကြတော့တာပါပဲ..

Speaker လဲစဉ်က အခြား ဘာမှ မထိခိုက်ဘဲ Touch Error ပဲတက်တာ. Home Screen Lock ကိုဖြည်မရဖြစ်တာကို Recovery Mode ထဲဝင်ပြီး Factory Reset ချပေးလိုက်ရင် အဆင်ပြေပါတယ်..
1. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Up + Power တွဲနှိပ်ပြီး Recovery Mode ဝင်လိုက်ပါ..
2. wipe data/factory reset ကိုရွှေ့ပြီး Factory Reset ချပေးလိုက်ပါ...
 နောက်တစ်ခု တပ်လျှာရှည်ချင်သေးတယ်ခင်ဗျ..
Y220T ကို Volume Up + Power တွဲနှိပ်ရင် Recovery ကို မရောက်ဘူးခင်ဗျ.. အဲဒါ တော်တော် ရွာပတ်တာနှော်.. မိတ်ဆွေများ ကြုံဖူးမှာပါ.. ဒီလိုလုပ်လို့ရတယ်ခင်ဗျ..

ဖုန်းကို ပါဝါပိတ်..
Volume Down + Power တွဲနှိပ်ထားလိုက်.. Android Logo နဲ့ တြိဂံလေးပေါ်လာတဲ့အခါမှ ခလုတ်နှစ်ခုစလုံးကို လွှတ်ပြီး Volume Up ကိုဖိထားလိုက်ပါ.. အဲဒီတော့မှပဲ.. Recovery ကိုရောက်တော့တယ်.. တော်တော်တော့ စိတ်ရှည်ရှည်နဲ့စောင့်ရတယ်ဗျ.. ကျွန်တော်တောင်မှ စိတ်မရှည်လို့ လွှတ်လိုက်တဲ့အခါကျမှ တက်လာတာ....


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages