Blogroll

Tuesday, 23 July 2013

အမေရိကန် ဒုသမ္မတ Biden အိန္ဒိယ၀န်ကြီးချုပ်နဲ့ တွေ့ဆုံ

အမေရိကန် ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) နဲ့ အိန္ဒိယဝန်ကြီးချုပ် မန်းမွန်ဟန် ဆင်း (Manmohan Singh) တို့ ဒီကနေ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန်ရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို အဓိက အာရုံစိုက် ဆွေးနွေးဖို့ အမေရိကန်နိုင်ငံ ဒုသမ္မတဟာ ၄ ရက်ကြာ ခရီးစဉ်နဲ့ အိန္ဒိယမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒုတိယသမ္မတဖြစ်လာပြီးတဲ့နောက် မစ္စတာဘိုင်ဒန် ပထမဆုံးအကြိမ် အိန္ဒိယကို သွားတာဖြစ်ပါတယ်။ အာရှ
ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အင်အားကို ချိန်ခွင်လျှာ ညှိချင်တဲ့ ရည်ရွယ်ချက်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရဖို့ အိန္ဒိယကို သွားတာဖြစ်တယ်လို့ လေ့လာသူအများက သုံးသပ်ပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကလဲ အိန္ဒိယ ဒုတိယသမ္မတ ဟာမစ် အန်စာရီ (Hamid Ansari) နဲ့ မစ္စတာ ဘိုင်ဒန် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယခရီးစဉ်အတွင်းမှာ မစ္စတာ ဘိုင်ဒန်အနေနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ စွမ်းအင်နဲ့ ပြောင်းလဲနေတဲ့ ရာသီဥတု ကိစ္စတို့အပြင် ၂ နိုင်ငံကြား စစ်ဖက်ဆက်ဆံရေး ပိုပြီး ခိုင်မာရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages