Blogroll

Friday, 17 May 2013

သမ္မတဦးသိန်းစိန် VOA မှာ နယ်ပယ်စုံပုဂ္ဂိုလ်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမည်

အမေရိကန်ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း မြန်မာအစိုးရသမ္မတ အဖြစ်နဲ့ ပထမဆုံးအကြိမ်ရောက်ရှိလာမယ့် သမ္မတ ဦးသိန်းစိန်ဟာ တနင်္ဂနွေနေ့ မှာတော့ ဗီအိုအေမှာ ပြုလုပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ၊ ဘာသာရေး ၊ ပညာရေး စတဲ့ နယ်ပယ်စုံက လူပုဂ္ဂိုလ်အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။


ဒီတွေ့ဆုံဆွေးနွေးပွဲကို ဗီအိုအေမြန်မာပိုင်းက မြန်မာစံတော်ချိန် မနက်ပိုင်း အသံလွှင့်အစီအစဉ်မှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဟာ မြန်မာနိုင်ငံက နိုင်ငံရေး နဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအပါအ၀င် ပြိးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ စတင် ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင် အကြမ်းဖက်မှု ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို ၂ နိုင်ငံအပြန်အလှန် ပညာရေးဖလှယ်တဲ့အစီအစဉ်နဲ့ လာရောက်နေတဲ့ ကျောင်းသားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ ဒုက္ခသည်တွေအပါအ၀င် နယ်ပယ်စုံက ပုဂ္ဂိုလ် ၃၀ လောက် တက်ရောက်ဆွေးနွေးကြဖို့ရှိပါတယ်။

သမ္မတဦးသိန်းစိန်ဟာ တနင်္လာနေ့မှာတော့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။ ဆယ်စုနှစ် ၅ ခုကျော်ကြာ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတဲ့ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်လာဖို့ မြန်မာနိုင်ငံဘက်က ကြိုးပမ်းနေတာတွေ၊ မြန် မာ ပြည်သူတွေအတွက် စီးပွားရေအခွင့်အလမ်းတွေတိုးတက်လာဖို့တွေ အပါ အ၀င် လူ့ အဖွဲ့အစည်းတွေ နဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို သမ္မတအိုဘားမားဘက်က ဆွေးနွေးသွားဖို့ရှိတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages