Blogroll

Saturday, 4 May 2013

Gmail စာတစ်ခုကို အချိန်နဲ့သတ်မှတ်ပြီးပို့စေလိုလျှင်

http://pyae-phyo.blogspot.comမင်္ဂလာပါ။ ကျွန်တော်အခု Gmail လှည့်ကွက်နဲ့ပတ်သတ်တဲ့ ခေါင်းစဉ်တစ်ခုတင်ပါမယ်။ ဥပမာ - သင့်သူငယ်ချင်းမနက်ဖြန်မွေးနေ့ကို Gmail နဲ့ မနက်အတိအကျပို့ချင်တယ် ဒါပေမယ့် သင်က မအားဘူးဆိုရင် အချိန်အလိုအလျောက်ပို့ပေးမှာပါ။



ကျွန်တော်တို့ gmail ကနေ မေးလ်တွေပို့တဲ့အခါ မေးလ်က ချက်ချင်းရောက်သွားပါတယ်။အခုနည်းလေးက အဲလို ချက်ချင်းမရောက်စေဘဲ ကိုယ်လိုချင်တဲ့အချိန် ရက် နာရီမိနစ်အတိအကျမှာ ရောက်ရှိစေမယ့်နည်းလမ်းဖြစ်ပါတယ်။
ဥပမာ မနက်ဖန် ချစ်သူရဲ့မွေးနေ့ဆိုပါတော့...ကိုယ်ကမနက်ဖန်မှာ မနက်ပိုင်းက မအားဘူး။စာကိုလဲကြိုမပို့ချင်ဘူး။
သူအသုံးပြုနိုင်တဲ့အချိန်ကျမှ ပို့ချင်တယ် အဲ့အခါမျိုးမှာ အခုနည်းလေးကို အသုံးပြုနိုင်ပါတယ်။
လုပ်ပုံလုပ်နည်းက ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားပြီး install လုပ်လိုက်ပါ။



Install boomerang ဆိုတဲ့အနီရောင်လေးကို ကလစ်ပေးလိုက်ပါ။allow>install>restart firefox အဆင့်ဆင့်လုပ်သွားလိုက်ပါ။
ဒါဆို စပြီးအသုံးပြုနိုင်ပါပြီ။
ပထမဆုံးကိုယ့်gmail ကို ၀င်လိုက်ပါ။ပြီးရင် compose mail ကနေ ပုံမှန်အတိုင်းကိုယ်ပို့ချင်တဲ့သူဆီ နာမည်ရေးပြီး ရေးချင်တာရေးလိုက်ပါ။



http://pyae-phyo.blogspot.com

အားလုံးရေးပြီးပီဆိုရင် ပုံထဲကအတိုင်း Send Later ကို နိုပ်လိုက်ပါ။ကိုယ်ပို့ချင်တဲ့အချိန် ရွေးပေးပါ။အချိန်အတိအကျပို့ချင်တယ်ဆိုရင်တော့ ရက်စွဲ အချိန်သေချာဖြည့်ပြီးလဲ ပေးပို့နိုင်ပါတယ်။
ပြီးရင် Confirm လုပ်ပေးလိုက်ပါ။ပထမဆုံးအကြိမ်မှာ စာတခုတက်ပါမယ်။ Allow လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ကိုယ့်ရဲ့မေးလ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သင့်မိတ်ဆွေဆီ ပို့ပေးပါလိမ့်မယ်။

ဒါကတော့ပို့လိုက်တဲ့စာကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် ဖျက်ချင်ရင်ဖြစ်ဖြစ် အချိန်ပြန်လည်သတ်မှတ်ချင်ရင်ဖြစ်ဖြစ်
Manage scheduled messages ကနေ ၀င်ရောက်ပြင်ဆင်နိုင်ပါတယ်။
ဒီ boomerang ကို ပထမဆုံးအသုံးပြုတဲ့လမှာ တစ်လတိတိ အကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။
နောက်လများမှာတော့ basic plan အနေနဲ့ တစ်လကို ဆယ်စောင်ပို့ခွင့်ရှိမှာဖြစ်ပါတယ်။
တကယ်လို့ပိုမိုအသုံးပြုချင်တယ်ဆိုရင်တော့ Buy a subscription ကနေ ၀ယ်ယူနိုင်ပါတယ်။
Refer a friend ကနေ သူငယ်ချင်းဖိတ်ခေါ်ပေးရင် တခြားအကျိုးကျေးဇူးများရရှိနိုင်ပါသေးတယ်။


အဆင်ပြေပါစေ။ သူက ကန့်သတ်ချက်ရှိလို့ သတိထားသုံးစေလိုပါတယ်။ လေးစားစွာဖြင့်, Online ချစ်သူ

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages