Blogroll

Tuesday, 14 May 2013

Facebook ကို Trojan အမျိုးသစ်တစ်မျိုးဖောက်ထွင်းတိုက်ခိုက်နေကြောင်း Microsoft သတိပေး

Facebook လူမှုကွန်ယက်ကို အသုံးပြုနေသူများရဲ့ Account တွေကို Trojan အမျိုးသစ်တစ်မျိုးက တိုက်ခိုက်ဖောက်ထွင်းနေတယ်လို့ Microsoft က သတိပေးပြောကြားလိုက်ပါတယ်.. အဲဒီ Trojan ဟာ Google Chrome Extension နဲ့ Mozilla Firefox ရဲ့ Add-on တွေကနေတစ်ဆင့်
ဝင်ရောက်လာခြစ်ဖြစ်တယ်လို့ဆိုပါတယ်..
ဒီ Trojan ကို Brazil နိုင်ငံမှာ လွန်ခဲ့တဲ့ သီတင်းပတ်က စတင်တွေ့ရှိတဲ့ပြီး Trojan:JS/Febipos အမည်နဲ့ တွေ့ရှိခဲ့တာပါ.. အဲဒီကောင်က Extension, Add-on အနေနဲ့ Browser မှာတွေ့ရှိနိုင်ပြီး မသိလိုက်ဘဲ Download လုပ်မိတဲာ့ Browser မှာ ကပ်ငြိသွားပါတယ်.. အဲဒီလို Download မိတာပြီးောက် Trojan က Facebook အကောင့်ကို အလိုအလျောက်ဝင်ခိုင်းပြီး Browser Extension ထောင်ပေါင်းများစွာပါဝင်တဲ့ Config ဖိုင်ကို Download လုပ်ဖို့ကြိုးစားပါတယ်.. ပြီးတော့ အဲဒီ Trojan Add-on က Facebook Account အသုံးပြုသူရဲ့ အချက်အလက်တွေကို မှတ်သားထားပြီး သူ့အလိုအလျောက် Facebook Account ကို ဝင်ရောက်ကာ Like လုပ်တယ်၊ Share လုပ်တယ်၊ ပို့စ်တွေတင်တယ်၊ Group တွေကို Member ဝင်တယ်၊ ပြီးတော့ Account ထဲမှာရှိတဲ့ Friend တွေနဲ့ Chatting လည်းလုပ်တယ်လို့ဆိုပါတယ်...
ပြီးတော့ ပေါ်တူဂီဘာသာစကားနဲ့ message တွေပို့တတ်တယ်ပြီး အဲဒီ Message ထဲမှ အခြား Facebook Page Link တွေကိုဆီကို ညွှန်းပေးတဲ့ လင့်တွေလည်း ပါတယ်လို့လဲရေးထားပါတယ်...
Microsoft က ကျွမ်းကျင်သူတွေကတော့ အဲဒီ Trojan ရဲ့ အလုပ်လုပ်ပုံကို အသေးစိပ်လေ့လာနေပြီး အထက်မှာဖေါ်ပြခဲ့တဲ့ အခြေအမျေိုးရှိရင် သတင်းပို့ကြဖို့ ပြောထားပါတယ်.. ( သတင်းပို့ရန် လင့်တော့မတွေ့ပါ)..
ဒါကြောင့် Facebook အသုံးပြုသူတွေကို ကိုယ်မသိတဲ့ Add-on တွေ၊ Extension တွေကို Download လုပ်ပြီး ထည့်သွင်းခြင်း မလုပ်မိကြဖို့ တိုက်တွန်းထားပါတယ်..
ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ Facebook Crazy များအနေနဲ့ မိမိ အကောင့်လုံခြုံရေးကို သတိထားကြဖို့ ဒီပို့စ်ကို မျှဝေလိုက်ပါတယ်..

မောင်ပေါက်

Source : C-Net NEWS

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages