Blogroll

Saturday, 4 May 2013

သမ္မတ အိုဘားမား Costa Rica ရောက်

အလယ်အမေရိကနိုင်ငံတွေရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစည်းအဝေး မတိုင်ခင် အမေရိကန် နဲ့ ကော်စတာရီကာနိုင်ငံကြားမှာ ၂ နိုင်ငံ ဆွေးနွေးမှုတွေလုပ်ဖို့ သမ္မတအိုဘားမားဟာ ကော်စတာ ရီကာနိုင်ငံ ကို သောကြာနေ့မှာ သွားရောက်ခဲ့ပြီး ကော်စတာရီကာ သမ္မတ လော်ရာ ချင်ချီလာ (Laura Chinchilla) နဲ့ တွေ့ဆုံခဲ့ပါတယ်။

စနေနေ့မှာ ကျင်းပမယ့် အလယ်အမေရိကနိုင်ငံတွေရဲ့ အစည်းအဝေးမှာတော့ ကုန်သွယ်ရေးနဲ့ ဒေသတွင်းမှာရှိတဲ့ အကြမ်းဖက် မူးယစ်ဂိုဏ်းတွေကို နှိမ်နှင်း သွားဖို့ ကိစ္စတွေကို အဓိကထားဆွေးနွေးသွားမယ်လို့ ခန့်မှန်းရပါတယ်။ မြောက် အမေရိကတိုက်ကို တင်ပို့နေတဲ့ မူးယစ်ဆေးဝါးတွေကို အဲဒီဒေသတွင်းမှာရှိတဲ့ မူးယစ်ဂိုက်တွေက တဆင့်တင်ပို့နေတာဖြစ်ပါတယ်။


သမ္မတအိုဘားမားဟာ မက္ကဆီကိုနိုင်ငံမှာ သမ္မတ အန်နရီကေ ပီနား နီးယက်တိုး (Enrique Piena Nieto) နဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို လုပ်ခဲ့ပြီးတဲ့နောက် ကော်စတာရီကာနိုင်ငံရဲ့ မြို့တော် ဆန်ဟိုဇေး (San Jose) ကို သောကြာနေ့ နေ့လည်မှာ ရောက်လာခဲ့တာဖြစ်ပါတယ်။


သောကြာနေ့ မနက်ကတော့ သမ္မတအိုဘားမားဟာ မက္ကဆီကိုစီးတီးမြို့တော်မှာ ရှိတဲ့ ပြတိုက်တခုမှာ လူငယ်တွေနဲ့ တွေ့ဆုံပြီးတော့ မိန့်ခွန်းပြောကြားခဲ့ပါတယ်ခင်ဗျာ။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages