Blogroll

Tuesday, 28 May 2013

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆန္ဒပြခွင့်ပိတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့က ရေနံချက်စက်ရုံမှာ ဓာတုပစ္စည်း ထုတ်လုပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နောက်တစ်ပတ် အရေးကြီးတဲ့ ကုန်စည်ပြပွဲ စတင်ချိန်နဲ့ အချိန်ကိုက်ပြီးတော့ ဆန္ဒပြကြမှာကို ကူမင်းမြို့ အစိုးရက ဆန္ဒပြခွင့် ပိတ်ပင်လိုက်ပါတယ်။

နေထိုင်မှုအဆင့်အတန်း မြင့်မားလာကြတဲ့ တရုတ်ဒေသခံတွေဟာ ပတ်ဝန်းကျင် မထိခိုက်အောင် ကာကွယ်ရေးကို အထူး အာရုံစိုက်နေကြပြီးတော့ တရုတ်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒကို အစွမ်းကုန် ဆန့်ကျင်ကြတာ ဖြစ်ပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွယ်တန်းဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အစီအစဉ်နဲ့ ဆက်နွယ်ပြီးတော့လည်း ကူမင်းမြို့မှာ ဒေသခံတွေ တက်ကြွလှုပ်ရှားသူတွေ ဒီလထဲမှာပဲ ဆန္ဒပြခဲ့ကြတာပါ။

နှစ်စဉ် တန်ချိန် ၁၀ သန်းလောက် ထုတ်လုပ်ဖို့ မျှော်မှန်းထားတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမြို့က ရေနံချက်စက်ရုံ စီမံကိန်းကို ဆန့်ကျင်ပြီးတော့ လူပေါင်း ၂၅၀၀ လောက်က ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်ရှင်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages