Bangladesh နိုင်ငံကို ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မဟာစင်
ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ရွေ့လျားသွားတာနဲ့အမျှ
အင်အားပျော့ပြီး အပူပိုင်း မုန်တိုင်း အသွင်ပြောင်းသွားပါပြီ၊
ဆိုင်ကလုန်း မုန်တိုင်းအသွင်နဲ့ B’desh ကမ်းရိုးတမ်းဒေသဖက်ဖြစ်တဲ့
စစ်တကောင်းနဲ့ Cox’s Bazar တွေဖက်ကို တိုက်ခတ်ခဲ့တဲ့အတွက် ၁၄
ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ B’desh တာဝန်ရှိသူတွေက ပြောပါတယ်။
အင်အားပြင်းမုန်တိုင်း တိုက်မယ်ဆိုတဲ့အတွက် လူပေါင်း ၁ သန်းကျော်လောက်
ကြိုတင် ဘေးကင်းရာ ပြောင်းရွှေ့နေခဲ့ကြပါတယ်၊ B’esh နဲ့ကပ်နေတဲ့
မြန်မာနိုင်ငံမှာလဲ မုန်တိုင်းဒဏ်ကြောင့် သိပ်ပြီး ထိခိုက် ပျက်စီးမှု
မရှိခဲ့ပါဘူး၊ အရှေ့မြောက်ဖက်ကို ရွေ့သွားတာနဲ့အမျှ တဖြည်းဖြည်း အားပျော့
ပျက်ပြယ်သွားမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက
ခန့်မှန်းထားပါတယ်၊ မုန်တိုင်းအခြေအနေကိုလဲ အစိမ်းရောင်အဆင့်
သတ်မှတ်လိုက်ပြီး ရခိုင်ကမ်းရိုးတမ်းဖက်မှာ အန္တရာယ်
ကင်းရှင်းသွားပြီလို့လဲ ပြောပါတယ်။

0 comments:
Post a Comment