Blogroll

Monday 13 May 2013

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်သားတွေ လစာတိုးပေးမည်

ပြီးခဲ့တဲ့လထဲမှာ လူပေါင်း တစ်ထောင်ကျော် သေဆုံးခဲ့ရတဲ့  အထည်ချုပ်စက်ရုံတွေရှိရာ အဆောက်အဦး ပြိုကျမှုနဲ့ ဆက်နွယ်ပြီး  တောင်းဆိုဆန္ဒပြတာတွေကို တုံ့ပြန်တဲ့အနေနဲ့  အထည်ချုပ်စက်ရုံ လုပ်သားတွေအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို တိုးပေးဖို့ စီစဉ်နေတယ်လို့  ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောလိုက်ပါတယ်။


အနိမ့်ဆုံးလစာ သတ်မှတ်ချက် အသစ်အတွက် အကြံပေး တင်ပြထားကြောင်းနဲ့  ဒီလစာ သတ်မှတ်ချက်အတိုင်း မေလ ၁ ရက်နေ့ကစပြီး ထုတ်ပေးဖို့ ရှိတယ်လို့  တနင်္ဂနွေနေ့က အထည်အလိပ် လုပ်ငန်းဝန်ကြီး  အဘ်ဒူလ် လာတစ်ဖ် ဆစ်ဒီ (Abdul Latif Siddiky) က ကြေညာခဲ့တာပါ။ ဒီအကြံပေးချက်ကို  အစိုးရအဖွဲ့ ၀န်ကြီးတွေက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်လုပ်သား တစ်ဦးအတွက် ပျမ်းမျှလစာဟာ  တလကို ဒေါ်လာ ၃၈ ဒေါ်လာလောက် ရကြတာပါ။

ဧပြီလ ၂၄ ရက်နေ့က Dhaka မြို့ပြင်က စက်ရုံတွေတည်ထားတဲ့ အဆောက်အဦး ပြိုကျပြီး အများအပြား သေဆုံးမှု ဖြစ်ခဲ့ရတဲ့နောက်ပိုင်း  အထည်ချုပ်စက်ရုံ လုပ်သားတွေက သူတို့ အလုပ်လုပ်ရတဲ့ အလုပ်ခွင် အခြေအနေ ညံ့ဖျင်းပြီး အန္တရာယ်ရှိနေတာနဲ့  လုပ်ခလစာ နည်းပါးတာတွေအတွက် မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာပါ။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages