Blogroll

Friday, 24 May 2013

ပါကစ္စတန်လေယာဉ်ပေါ်ပါ လူနှစ်ယောက် ဗြိတိန်ဖမ်းဆီး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့နားက လေဆိပ်တခုကို လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရတဲ့ ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းပိုင် လေယာဉ်တစင်းပေါ်မှာ ပါလာတဲ့ လူ ၂ ယောက်ကို ဗြိတိန်ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ Lahore မြို့ကနေ Manchester မြို့ဆီကို သွားတဲ့လေယာဉ်ကို တော်ဝင်လေတပ် တိုက်လေယာဉ်တွေ က ကြားဖြတ်တားဆီးပြီး၊ Stansted လေဆိပ်ကို ဆင်းသက်စေခဲ့ပါတယ်။


တာဝန်ရှိသူတွေရဲ့ အပြောအရ လူ ၂ ယောက်ဟာ လေယာဉ်ကို အန္တရာယ်ဖြစ်အောင်လုပ်တယ်လို့ သံယသရှိမှုနဲ့ လေယာဉ်ဆိုက်ရောက် ချိန်မှာ သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

လန်ဒန်မြို့ရပ်ကွက်တခုရဲ့ လမ်းပေါ်မှာ ဗြိတိန် စစ်သားတယောက် ဓားနဲ့ခုတ်သတ်ခံ ရမှုဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ခုလို ဗြိတိန်ဆီလာတဲ့ လေယာဉ်ပျံပေါ် မှာ ပြဿနာဖြစ်တာဖြစ်ပါတယ်။ အဲဒီဓားခုတ်သတ်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ ယုံကြည်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages