Blogroll

Monday, 20 May 2013

မြန်မာ့ပညာရေး အထောက်အကူပေးဖို့ သမ္မတ ပန်ကြား

မြန်မာသမ္မတ ဦးသိန်းစိန် Johns Hopkins တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ် (၂၀ မေ ၂၀၁၃)
မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ် တည်ဆောက်နိုင်ဖိုသူအစိုးရအနေနဲပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်လိုအမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၊ အထူးသဖြင့် အမေရိကန်လို နိုင်ငံကြီးတွေက ကူညီပံ့ပိုးဖိုလည်း သမ္မတ ဦးသိန်းစိန်က မနေက ၀ါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ နိုင်ငံတကာ လေ့လာရေးဌာနမှာ မိန်ခွန်းပြောကြားရင်း တိုက်တွန်း ပြောသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆွေးနွေးပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

“မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေးနဲအမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး” လိုခေါင်းစဉ်ပေးထားတဲ့ ဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန် က ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း သူအစိုးရအနေနဲပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အများအပြား ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲဒီလို လုပ်ဆောင်ခဲ့တာဟာ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖိုအတွက် ဖြစ်တယ်လိုပြောသွားခဲ့ပါတယ်။

“ကျနော်တိုအစိုးရအနေနဲလွန်ခဲ့တဲ့ ၂ နှစ်က စပြီး ဆောင်ရွက် အကောင်အထည် ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပဲ ရှိပါတယ်။ ကျနော်တိုမျိုးဆက်သစ် လူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ဘ၀တစ်ခု ဖန်တီးပေးနိုင်ဖိုရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ကျနော်တိုအစိုးရဟာ ပြည်သူအစိုးရ ဖြစ်တယ်လိုခံယူထားတာနဲအညီ ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်နိုင်ဖိုအတွက် ပြည်သူဗဟိုပြု ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။ ကျနော်တိုရဲ့ ဒီမိုကရေစီအရေး အောင်မြင်စေဖိုအတွက် အမေရိကန်အစိုးရ၊ လွှတ်တော်၊ အရပ်ဘက် လူအဖွဲအစည်းများမှ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲအကိုက်ညီဆုံးဖြစ်တဲ့ အကူအညီတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖိုလည်း မေတ္တာရပ်ခံ လိုပါတယ်။”

အမေရိကန်နဲမြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲပတ်သက်လိုတော့ သမ္မတ ဦးသိန်းစိန် က အခုလို ပြောသွားခဲ့ပါတယ်။

“သမိုင်းကြောင်း အစဉ်အလာများအရ ကျနော်တိုမြန်မာနိုင်ငံနဲအမေရိကန် ပြည်ထောင်စုတိုဟာ နှစ်ပေါင်း ၁၅၀ ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာ အထင်အရှား တွေမြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုပြီး ကျနော်တိုအနေနဲမြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများအကြား ရင်းနှီးတဲ့ မဟာမိတ်များအဖြစ်နဲလက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲအမေရိကန်ပြည်သူများအကြားလည်း ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ် ခင်ခင်မင်မင် ဆက်ဆံသွားကြဖိုလည်း တိုက်တွန်းလိုပါတယ်။ ကျနော်တိုရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်အောင် မိတ်ဆွေတိုရဲ့ ကူညီထောက်ပံ့မှုများကိုလည်း မျှော်လင့်လျက် ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များရဲ့ အကူအညီတွေကိုလည်း ရရှိနိုင်မယ်လိုယုံကြည်မျှော်လင့်လျက် ရှိနေပါတယ်။”

အခုလို သမ္မတ ဦးသိန်းစိန်အနေနဲအမေရိကန် တက္ကသိုလ်တစ်ခုမှာ ကိုယ်တိုင်လာရောက်ပြီး မိန်ခွန်းပြောကြားတာဟာ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရေး အထောက်အကူတွေ ရဖိုနဲမြန်မာနိုင်ငံရဲ့အခြေအနေနဲပတ်သက်ပြီး နိုင်ငံတကာက ပိုမို နားလည်လာအောင် ရှင်းပြချင်တဲ့အတွက် ဖြစ်တယ်လိုသမ္မတရဲ့ ပြောခွင့်ရသူ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“သမ္မတကြီးအနေနဲက ကျနော်တိုနိုင်ငံရဲ့ ပညာရေးကဏ္ဍကို မြှင့်တင်ချင်တယ်။ မြှင့်တင်ချင်တဲ့အခါမှာ ကျနော်တိုက ပညာတော်သင်တွေ လွှတ်သလိုပဲ၊ ဒီက တက္ကသိုလ်တွေကို ကျနော်တိုမြန်မာနိုင်ငံမှာ လာပြီးတော့ ကျောင်းခွဲတွေ ဖွင့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အမေရိကန်နိုင်ငံက ပညာရေး အဖွဲအစည်းတွေ ပိုမိုပါဝင် ပူးပေါင်းဖိုအတွက် ဖိတ်ခေါ်တဲ့စကားကို ဒီမှာ လာပြောပြတယ်။ ဒါက ပထမရည်ရွယ်ချက်ပေါ့။ ဒုတိယတစ်ခုကတော့ လက်ရှိ ကျနော်တိုမြန်မာနိုင်ငံမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲပတ်သက်လိုအမေရိကန်နိုင်ငံရဲ့ ပညာရှင်အသိုင်းအ၀ိုင်းမှာ နားလည်တဲ့သူလည်း ရှိတယ်။ တချို့ကလည်း သံသယတွေ ရှိနေသေးတယ်။ ဆိုတော့ ဒီ သံသယတွေ ပြေပျောက်သွားပြီးတော့မှ မြန်မာနိုင်ငံဟာ ရှေ့ကိုပဲ သွားနေတယ်။ ကျနော်တိုပြုပြင်ပြောင်းလဲရေးဟာ ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်ဖိုမရှိတော့ဘူး။ ဒီလို သွားတဲ့အခါမှာ ကျနော်တိုစွမ်းအားနဲချည်းပဲ သွားမယ်ဆိုရင်တော့ အချိန် ပိုကြာနိုင်တယ်။ ဒီလိုဟာကို မြန်မြန် ရောက်စေချင်တယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ပါဝင်ကူညီပံ့ပိုးမှုတွေ လိုတယ်ဆိုတဲ့ သတင်းစကားကိုလည်း ပါးချင်တဲ့အတွက်ကြောင့်မိုလိုဒီနေရာမှာ လာပြီးတော့ ဒီမိန်ခွန်းကို ပြောတာပါ။”

အခုလို သမ္မတဦးသိန်းစိန် ကိုယ်တိုင် အမေရိကန် တက္ကသိုလ်တစ်ခုကို လာရောက်ပြီး မြန်မာနိုင်ငံအကြောင်း ပြောကြားတာဟာ မြန်မာနဲနိုင်ငံတကာ တက္ကသိုလ်တွေကြား ပိုပြီး ထိတွေမှု ရရှိစေသလို၊ မြန်မာနိုင်ငံ ပညာရေးအတွက် အထောက်အကူ ဖြစ်လာနိုင်တဲ့အတွက် အားရစရာ ကောင်းတယ်လိုမနေက Johns Hopkins တက္ကသိုလ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မင်္ဂလာမြန်မာအဖွဲရဲ့ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းဝင်း က ပြောပါတယ်။

“တစ်ခုကတော့လေ ဒီလို တက္ကသိုလ်တွေကို လာပြီးတော့၊ ကိုယ့်ရဲ့ မူဝါဒတွေကို ပြောတယ်ဆိုတော့ ဘာပဲပြောပြော ကျနော်တိုမြန်မာနိုင်ငံရဲ့ ခေါင်းဆောင် တစ်ယောက်က ဒီလို စပြီးတော့ ပြောလာတဲ့အတွက်ကြောင့် သိပ်ကောင်းတဲ့ အစဉ်အလာပေါ့နော်။ ဒါမျိုးပွဲတွေ အများကြီး နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ မြန်မာပြည်မှာပဲဖြစ်ဖြစ် ဖြစ်လာပါစေလိုကျနော့်စိတ်ထဲ အရင်ဆုံး ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခု အားရမိတာကတော့ ဒီလို တက္ကသိုလ်တွေမှာ ပြောတဲ့အခါကျတော့ ပိုပြီးတော့ ပညာရေးကို အားပေးတဲ့ သဘောမျိုး ရောက်ပါတယ်။ ပညာရေးကို အားပေးတဲ့နေရာမှာ၊ ဒီလိုအဆင့်မြင့် ပညာရေးပေါ့နော်၊ တက္ကသိုလ် ပညာရေးကို အားပေးတဲ့ သဘောမျိုး ရောက်တဲ့အတွက် ကျနော်တိုက ပိုပြီးတော့ ၀မ်းသာပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ တက္ကသိုလ်တွေ မြန်မာပြည်မှာ ကောင်းလာပြီးတော့၊ မြန်မာပြည် တက္ကသိုလ်တွေကနေပြီးတော့ တကယ့်ကို နိုင်ငံအတွက် အသုံးကျမယ့် ပညာရှင်တွေ မွေးထုတ်နိုင်မယ်ဆိုရင် ကျနော်တိုမြန်မာနိုင်ငံက ရေတို မဟုတ်ဘဲနဲရေရှည်မှာ အများကြီး ပြောင်းလဲတိုးတက်လာမယ်၊ ဖွံဖြိုးတိုးတက်လာမယ်၊ ရေရှည်ကောင်းမယ်လိုကျနော် မျှော်လင့်တယ်။ ဒါကြောင့်မိုကျနော်ကတော့ တော်တော်လေး အားရပါတယ်။”
 

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages