Blogroll

Friday, 24 May 2013

Apple ရဲ့ Code Signing ကို ကျော်ပြီး IPA ဖိုင် ဖန်တီးမယ်။(Apple Developer များအတွတ်သာ)

တချို့ Developer များဟာ Apple ရဲ့ နှစ်စဉ် Developer fee ကို မပေးပဲ ကိုယ်ရေးထားတဲ့ app ကို iPA လေး တစ်ခု ဖန်တီးလိုကြပါတယ်။ ဒါဆိုရင် xcode ရဲ့ code signing ကျော်မှ ရပါမယ်။ ကဲ စကြမယ်။
Application folder ထဲ ၀င်ပါ။ Xcode ကို Right click နှိပ်ပြီး Show Package Contents ကို နှိပ်ပါ။
အဲဒါဆိုရင် xcode ရဲ့ installation နဲ့ configuration ဖိုင်တွေ ကျလာပါလိမ့်မယ်။ပြီးရင် Contents/Developer/Platforms/iPhoneOS.platform/Developer/SDKs/iPhoneOS6.1.sdk ထဲသို့ ၀င်ပြီး အဲ့ဒီ folder ထဲက SDKSetting.plist ဖိုင်ကို Desktop ပေါ်သို့ Copy – Paste ဖြင့် ကူးယူလိုက်ပါ။ (သတိပြုရမည်မှာ Drag and Drop မလုပ်ပါနှင့် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။)
2
ပြီးရင် Desktop ပေါ်မှာ ကူးထားတဲ့ SDKSetting.plist ဖိုင်ကို ဖွင့်လိုက်ပါ။ DefaultProperties ထဲက CODE_SIGNING_REQUIRED ထဲမှာ YES ကို ဖျက်ပြီး NO လို့ ရေးလိုက်ပါ။
3
အားလုံးပြီးသွားရင် သူ့ရဲ့ နဂို folder ဖြစ်တဲ့ Contents/Developer/Platforms/iPhoneOS.platform/Developer/SDKs/iPhoneOS6.1.sdk ထဲကို ပြန် Copy လုပ်ပြီး Replace လုပ်လိုက်ပါ။
Xcode ကို Restart လုပ်လိုက်ပါ။
5
Xcode ဖွင့်ပြီး Project Navigator ထဲက Bulid Settings ထဲကို သွားပါ။ Code Signing ထဲက Code Signing Identity ကို Don’t Code Sign သို့ ပြောင်းလိုက်ပါ။
4
ဒါဆိုရင် Code Signing ကျော်သွားပြီလို့ ပြောလို့ရပါတယ်။
IPA ဖန်တီးဖို့ရာ နည်းလမ်းနှစ်မျိုးတွေ့ရှိထားပါတယ်။ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုခုသုံးလို့ရပါတယ်။ အချိန်မရလို့ capture မရိုက်ပြတော့ပါဘူး။
နည်းလမ်း(၁)။   ။ IPA ဖိုင် ဖန်တီးဖို့ Project Navigator ထဲက Products ကို ရွေးပါ။ သင့်ရဲ့ app ပေါ်မှာ Right Click နှိပ်ပါ(ဥပမာ- iTGroup.app ပေါ့)။ ပြီးတော့ Show in Finder ကို ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် finder ထဲမှာ iTGroup.app ကို တွေ့ရမှာပါ။ အဲဒီနေရာမှာပဲ Payload ဆိုတဲ့ folder အသစ်တစ်ခု ဖန်တီးလိုက်ပါ။ ခုနကတွေ့ရတဲ့ iTGroup.app ဖိုင်ကို Payload ထဲသို့ Move လုပ်လိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ အဆိုပါ payload ဆိုတဲ့ folder ကို iTGroup.ipa  ဆိုပြီး Rename လုပ်လိုက်ပါ။ ဒါဆိုရင် iPA ရပြီဖြစ်ပါတယ်။
နည်းလမ်း(၂)။   ။ ဒီနည်းလမ်းကတော့ Mac မှာ  iTool  သွင်းထားဖို့ ပြီး iDevice တစ်ခု မရှိမဖြစ် လိုအပ်ပါလိမ့်မယ်။ Project ကို Build & Run တဲ့အခါ Simulator တွေမသုံးပဲ တကယ့် iDevice တစ်ခုကို ရွေးပေးထားရပါမယ်။ Code Signing ကျော်ပြီးသားဖြစ်တာကြောင့်မိုလို့ Run လိုက်တာနဲ့ အရင်ကလို Failed မဖြစ်ပဲ Build Succeed ဖြစ်သွားပြီး သင့်ရဲ့ iDevice ထဲမှာ INSTALL လုပ်သွားမှာပါ။ ဒါဆိုရင် iDevice ထဲမှာ သင့်ရဲ့ app ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ app ကို iTool နဲ့ Backup လုပ်လိုက်ရင် iPA တစ်ခုရပြီပေါ့။
အဆင်ပြေကြပါစေ။
Credit:ITgroupMyanmar

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages