ဒီကောင်လေးက Ace Video Converter 3.7.0.0 Final ဖရီးဆော့ဝဲလေးပါ..။
ကျနော်တို့ Video နဲ့ သီချင်းတွေရဲ့ ဖေါ်မတ်တွေကို ဒီကောင်လေးနဲ့
ပြောင်းယူလို့လဲ ရပါတယ်..။ အသုံပြုတတ်အောင် အောက်မှာ ကျနော် ပုံလေးတွေနဲ့ပါ
ပြပေးထားပါတယ်..။ အသုံးပြုပုံက အရင် တင်ပေးခဲ့ဖူးတဲ့ Converter တွေနဲ့
တူပါတယ်..။ သူ့ထဲမှာ ပါတဲ YouTube Downloader နဲ့ပါ YouTube ကသီချင်းတွေကို
ဒေါင်းယူတတ်အောင် ပြပေးထားပါတယ်..။ ဒီ Converter လေးကို လိုအပ်တဲ့
သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 19.1 MB
ရှိပါတယ်..။Add Files ကနေ မိမိတို့ ဖေါ်မတ် ပြောင်းချင်တဲ့ သီချင်းကို သွားယူပါတယ်..။
အပေါ်ပုံနဲ့ အောက်ကပုံအတိုင်း မိမိတို့ ပြောင်းလိုတဲ့ ဖေါ်မတ်ကို ရွေးပြီး Convert Now ကိုနှိပ်ပေးလိုက်ပါ..။
100% ပြည့်တဲ့အထိ စောင့်နေပေးလိုက်ပါ..။ ပြည့်သွားရင် အောက်ကပုံအတိုင်း
Open နေရာကနေ ဖွင့်လိုက်ရင် မိမိတို့ ဖေါ်မတ်ပြောင်းလိုက်တဲ့ သီချင်းကို
ရရှိပါပြီ..။
အောက်ကပုံတွေကတော့ YouTube သီချင်းတွေကို ဒီကောင်လေးနဲ့
ဒေါင်းယူတတ်အောင်လို့ ပြပေးထားတာပါ..။ ပုံမှာမြင်နေရတဲ့ အတိုင်း YouTube
Downloader စာသားပါတဲ့ YouTube ပုံအနီရောင်လေးကို နှိပ်ပြီး.. YouTube URL
နေရာမှာ မိမိဒေါင်းယူလိုတဲ့ YouTube သီချင်းရဲ့ လိပ်စာကို copy ယူပြီး
ကီးဘုတ်မှ Ctrl+V နဲ့ ထည့်ပေးပါ..။ ပြီးရင် Add Video ကိုနှိပ်ပါ..။
ပြီးသွားရင် Download Video Now ကို ဆက်နှိပ်ပေးလိုက်ရင် ဒီကောင်လေးက
သီချင်းတွေကို ဒေါင်းယူပေးပါလိမ့်မယ်..။ အောက်ကပုံတွေ အတိုင်းပါပဲ..။
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ အဆင်ပြေကြပါစေ..။





























Myanmar Kyat Converter




0 comments:
Post a Comment