Blogroll

Tuesday, 23 April 2013

အိမ်ဖြူတော်အကြောင်း လုပ်ကြံသတင်းကြောင့် Stock ဈေးထိုးကျ

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဗုံးကွဲပြီး သမ္မတ အိုဘားမား ထိခိုက်ဒဏ်ရာ ရတယ်ဆိုတဲ့ လုပ်ကြံ သတင်းမှားကြောင့် အင်္ဂါနေ့က အမေရိကန် Stock ဈေးကွက်တွေ ထိုးကျသွားပါတယ်။ နောက် ပိုင်းတော့ ဈေးတွေ ပြန်ကောင်း လာခဲ့ပါတယ်။


ဟက်ကာ အင်တာနက် ခိုးဖောက်ဝင်သူတွေဟာ AP Twitter အကောင့်ထဲကို ၀င်ရောက်ပြီး၊ နောက်ဆုံးရသတင်း - အိမ်ဖြူတော်မှာ ဗုံး နှစ်လုံးပေါက်ကွဲပြီး သမ္မတ အိုဘားမား ဒဏ်ရာရတယ် ဆိုပြီး ရေးသားခဲ့ကြပါတယ်။

အဲ့ဒီမိနစ်ပိုင်းအတွင်းမှာပဲ အမေရိကန် Stock ဈေးတွေ အထူးသဖြင့် ဒီ Dow Stock ဈေးကွက်ဟာဆိုရင် အမှတ် ၁၃၀ မှတ်အထိ တနေ့လုံး အရှိန်ကောင်းတဲ့ ဈေးကွက်မှာ ကျဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ သတင်းမှားတယ်ဆိုတာ သိပြီးနောက် Dow  Stock တွေ အလျင်အမြန် ပြန်တက်လာခဲ့ပါတယ်။

Syrian Electronic Army ဆိုတဲ့ အုပ်စုကတော့ ဒီ ဆိုက်ဘာ တိုက်ခိုက်မှုကို သူတို့ လုပ်တာဆိုပြီး ကြေညာပါတယ်။

ဒါပေမဲ့ ဟုတ် မဟုတ်ဆိုတာ သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ဒီအဖွဲ့ဟာ တခြား သတင်းအေဂျင်စီတွေကိုလည်း အရင်တုန်းက သူတို့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ကြေညာခဲ့ဖူးပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages