Blogroll

Thursday, 18 April 2013

တရုတ် ငှက်တုပ်ကွေး လူလူချင်း ကူးစက်နိုင်ဖွယ်ရှိ

လူကိုသေစေနိုင်တဲ့ ငှက်တုပ်ကွေးရောဂါဟာ လူအချင်းချင်းကြားမှာ ကူးစက်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့ တရုတ်နိုင်ငံက ထိပ်တန်း ကျန်းမာရေး အရာရှိတဦးက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ကျယ်ပြန့်တဲ့ ကူးစက်ရောဂါတမျိုး ဖြစ်လာမယ့် အနေထားအဖြစ် စိုးရိမ်စရာ အကြောင်းတော့ မရှိဘူးလို့ ဆိုပါတယ်။


တရုတ်နိုင်ငံ ရောဂါထိမ်းချုပ်ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေးမှုး ဖန်ဇီကျန်း Feng Zijian က  H7N9 ငှက်တုပ်ကွေးရောဂါဟာ လူအချင်းချင်းကြား ကူးစက်နိုင်တယ် ဆိုတာ သဘောတရား သီအိုရီအရသာ ဖြစ်နိုင်ပြီး လက်တွေ့မှာ အလားအလာ သိပ်မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ဒီငှက်တုပ်ကွေးရောဂါ  လူမှာကူးစက်ကြောင်း ပထမဆုံး တွေ့ခဲ့ရပြီးကတည်းက သေဆုံးသူဟာ ၁၇ ဦး ရှိပြီဖြစ်ပါတယ်။  ရောဂါပိုးအကူးစက်ခံရသူပေါင်းက ၈၂ ဦး ရှိခဲ့ပြီး အများစုဟာ ရှန်ဟိုင်းအနီးတ၀ိုက်က ဖြစ်ပါတယ်။

အခုအချိန်အထိ ရောဂါကူးစက်မှုတွေဟာ ကြက်ငှက်ကတဆင့် လူကို ကူးစက်တယ်လို့ ယုံကြည်ရပေမယ့် ရောဂါ အကူးစက်ခံရသူတွေထဲက  ၄၀ % ဟာ ကြက်ငှက်တွေနဲ့ ထိတွေ့မှု မရှိခဲ့ဘူးလို့ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဒီရောဂါတွေ့ရှိမှုကို အတည်ပြုပေမယ့် လူအချင်းချင်းကြား ကူးစက်ပျံ့နှံ့မယ့် အထောက်အထား မရှိဘူးလို့ ဆိုပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages