Blogroll

Saturday, 6 April 2013

ဦးသန့်အိမ် ရန်ကုန်မှာဖွင့်လှစ်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဦးသန့် ရန်ကုန်မြို့မှာနေထိုင်ခဲ့တဲ့ နေအိမ်ကို တနင်္ဂနွေနေ့က ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဒါမီယာ Crescent လမ်း လို့ အများသိကြတဲ့ ပန်းဝါလမ်းက နေအိမ်ကို အကြိုဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောင်မှာ အများပြည်သူ

လာရောက်ကြည်ရှုနိုင်မယ့် ပြတိုက်အဖြစ် ပြသနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့နဲ့ ဦးသန့်အိမ်စောင့်ရှောက်ရေး အဖွဲ
့က ပြောပါတယ်။

တတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကို မယူခင် ဝန်ကြီးချုပ်ဦးနုရဲ့ အမြဲတမ်းအတွင်းဝန်တာဝန်ကို ထမ်းဆောင်နေစဉ် ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ဦးသန့်ဟာ အခုပန်းဝါလို့ ခေါ်နေတဲ့လမ်းထဲက အိမ်မှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က လျစ်လျူရှုထားတဲ့အတွက် ယိုယွင်းနေတဲ့ ဦးသန့်ရဲ့အိမ်ကို Yangon Heritage Trust ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့က ဦးစီးပြီး ပြန်လည်ပြင်ဆင်ခဲ့တာပါ။

ဦးသန့်ရဲ့ဘဝနဲ့ သူလုပ်ကိုင်ခဲ့တဲ့ အလုပ်တာဝန်တွေကို ပြန်လည် အမှတ်ရစေဖို့ ပြတိုက်အသေးစားတခုနဲ့အတူ အများပြည်သူ အသုံးပြုနိုင်တဲ့နေရာတခုအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်လုပ်ခဲ့ တာဖြစ်တဲ့အကြောင်း အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ လမယ့်လတွေအတွင်း ဦးသန့်ပြတိုက်ကို ဖွင့်လှစ်မယ်လို့ မျှော်လင့်တဲ့ အကြောင်းကိုလည်း ဦးသန့်အိမ်ဖွင့်ပွဲနဲ့ ပတ်သက်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

စနေနေ့က ဦးသန့်အိမ်ဖွင့်ပွဲကို အစိုးရဝန်ကြီးတချို့အပြင် သံတမန်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages