Blogroll

Thursday, 25 April 2013

တရုတ်ငှက်တုပ်ကွေး ထိုင်ဝမ်ကူးစက်

တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးဖြစ်ပွါးတဲ့ H7N9 ငှက်တုပ်ကွေးရောဂါပိုးသစ် အကူးစက်ခံရသူကို တိုင်ဝမ်မှာတွေ့ရတယ်လို့ တိုင်ဝမ် အာဏာပိုင်တွေက ပြောပါတယ်။


မကြာခင်ကမှာ တရုတ်နိုင်ငံ အရှေ့ပိုင်းကို သွားရောက်ခဲ့တဲ့   အသက် ၅၃ နှစ်အရွယ်  စီးပွါးရေး လုပ်ငန်းရှင်တဦးဟာ အခုအခါမှာ ဒီရောဂါဒဏ်ကို အပြင်းအထန် ခံစားနေရတယ်လို့  တိုင်ဝမ် ရောဂါထိမ်းချုပ်ရေး ဗဟိုဌာနက ပြောခွင့်ရက ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီငှက်တုပ်ကွေးရောဂါ လူသားအချင်းချင်းကြား ကူးစက်တဲ့ လက္ခဏာ မတွေ့ပေမယ့် ဒါဟာ တိုင်ဝမ်မှာ ပထမဆုံး  ငှက်တုပ်ကွေးရောဂါပိုးသစ် စတင်ကူးစက်သူဖြစ်ကြောင်းနဲ့  အခြေနေကို ထိမ်းချုပ်နိုင်အောင် ကျိုးစားနေတယ်လို့လည်း ပြောပါတယ်။

တိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးအကြား တနေ့တနေ့ ထောင်နဲ့ ချီတဲ့ လူတွေ ကူးသန်းသွားလာနေကြတာဖြစ်ပြီး  အခုအခါမှာ တရုတ်ပြည်မဘက်က လာတဲ့ သူတွေကို လေဆိပ်မှာ ရောဂါပိုးစစ်ဆေးဖို့ အာဏာပိုင်တွေက စီစဉ်နေပြီလို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ  ပြီးခဲ့တဲ့ လ H7N9 ငှက်တုပ်ကွေးရောဂါပိုး ဖြစ်ပွါးကြောင်း စတင်သိရှိခဲ့ပြီးတဲ့နောက်ပိုင်း  ရောဂါအကူစက်ခံရသူ တရာကျော် ရှိနေပြီး ဒီရောဂါကြောင့်သေဆုံးရသူက အနဲဆုံး လူ ၂၀ ရှိနေပြီဖြစ်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages