Blogroll

Sunday, 28 April 2013

ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စက်ရုံပိုင်ရှင် ဖမ်းမိ

ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇  ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုက
ျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပိုင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။

စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါပြီ။

တချိန်တည်းမှာပဲ အဆောက်အဦး ပြိုကျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း   ကို ဖြတ်ဖို့ကြိုးစားနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages