Blogroll

Sunday 14 April 2013

ကျိုတိုတက္ကသိုလ်မှာ ဒေါ်စု မိန့်ခွန်းပြောမည်

မြောက်ကိုရီးယားအစိုးရအနေနဲ့ နျူးကလီးယားလက်နက်ဖျက်သိမ်းရေး အတွက် ဦးတည်မယ့် ခြေလှမ်းတွေကို လုပ်ဆောင်မယ်ဆိုရင်၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ကမ်းလှမ်းလိုက်ပါတယ်။


မြောက်ရီးယားနိုင်ငံအနေနဲ့ ဒီကမ်းလှမ်းချက်အပေါ်မှာ ရှင်းရှင်းလင်းလင်းနဲ့ တုံ့ပြန်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းရှိထားတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် နည်းလမ်းရှာလာလိမ့်မယ်လို့ မျှော်လင့်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ တိုကျိုမြို့မှာ တနင်္ဂနွေနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ပြောသွားတာပါ။ မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းတဲ့ လုပ်ငန်းစဉ် ပြန်စတာကို အရင်ဆုံးလုပ်ဖို့ နိုင်ငံခြားရေးဝန်ကြီး ၂ ယောက်စလုံးက ပြောလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရအနေနဲ့ တိတိကျကျ ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ၀ါရှင်တန်မှာရှိတဲ့ အမေရိကန်အစိုးရအဖွဲ့အတွင်းက လုပ်ဖော်ကိုင်ဘက်တွေနဲ့ တိုင်ပင် ဆွေးနွေးသွားမယ်လို့ ၀န်ကြီးကယ်ရီက သီးခြား ပြောဆိုသွားပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့လည်း သူတို့ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ကာကွယ်သွားမယ်လို့ ၀န်ကြီးကယ်ရီ ပြောကြားသွားပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်အပါအ၀င် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို တိုက်ခိုက်သွားမယ်လို့ ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages