Blogroll

Wednesday, 27 March 2013

Skype နဲ့ ဖုန်းပြောရအောင် လုပ်နည်း(မသိသေးသူများအတွက်)

ဒီနည်းကို သိတဲ့လူတွေတော့ များမှာပါ။ မသိသေးတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်ဗျာ။ အရင်ဆုံး အင်တာနက် access ရယ်။ အန်းဒရိုက်ဖုန်းတစ်လုံးတော့ ရှိဖို့လိုတာပေါ့နော်။ ဒီနည်းက Wifi Access ရှိတဲ့နေရာမှာလည်းသုံးလို့ရပါတယ်။ Skype Account အချင်းချင်းခေါ်တာတော့ Free ရပါတယ်။ နိုင်ငံခြားက ဖုန်းတွေကိုတိုက်ရိုက်ခေါ်ချင်ရင်တော့ ပိုက်ဆံသွင်းရမှာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့လိုအတွက်ကတော့ဖုန်းပြောမယ့်နှစ်ယောက်ချင်းစီရဲ့ဖုန်းထဲမှာ ဆော့ဝဲလ်ကိုယ်စီသွင်းထားပြီး Account to account ခေါ်မယ်ဆိုရင်ပဲ မဆိုးလှပါဘူး။ ကျွန်တော်စမ်းကြည့်တာတော့

 အားလုံးအဆင်ပြေပါတယ်။ ဒါဆိုရင် အရင်ဆုံး Skype ဆော့ဝဲလ်ကို အန်းဒရိုက်အတွက် ဒီ နေရာမှာ ဒေါင်းထားလိုက်ပါဗျာ။ ပြီးရင် apk ဖိုင်ကို အင်စတော့လုပ်လိုက်ပါ။ Skype ကို ဖုန်းထဲမှာ အင်စတော့ လုပ်ပြီးသွားပြီဆိုရင် အကောင့် အသစ်တစ်ခု လုပ်ပေးရပါမယ်။ အောက်ကပုံအတိုင်း Create a Skype account ကိုနှိပ်ပါ။ 
ဒါဆိုရင် အောက်ကပုံအတိုင်းပေါ်လာပါမည်။ I agree ကိုနှိပ်ပါ။ မနှိပ်ချင်ရင်လည်း နှိပ်ရပါမည်။ :D
 ဒါဆိုရင် အောက်ကပုံအတိုင်း တက်လာပါမည်။ Sigup လုပ်မည့် Box ပေါ့။ အရင်ဆုံး skype name ပါ။ စိတ်ကြိုက်ပေးပါ။ ဒါပေမယ့် မှတ်ထားပါ။ နောက် Your Name ကိုတော့ ခင်ဗျားပေးချင်သလိုပေးလို့ရပါတယ်။ ဖုန်းခေါ်တဲ့အချိန်ကျရင် အဲဒီနာမည်အတိုင်းပေါ်မှာပါ။ password, email တွေကိုဖြည့်ပါ။ Phone number ကိုတော့ ဘာမှမဖြည့်ဘဲ ကျော်သွားလိုက်ပါ။ ပြီးရင် Next နဲ့ဆက်သွားပါက အကောင့်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်မှာပါ။ မရရင်တော့ ဆက်လုပ်ပေါ့။ :D
Account လုပ်တာအဆင်ပြေသွားရင် အောက်ကပုံအတိုင်းမြင်ရပါမည်။ အဲဒီမှာ Contact ဆိုတာရှိပါတယ်။
Contact ကိုနှိပ်ပြီး Search ကနေ တစ်ဘက်လူရဲ့ skype name ကိုရိုက်ထည့်လိုက်ပါ။ (အဲဒါကြောင့် စောစောကတည်းက skype name ကိုမှတ်ခိုင်းတာပါ) ဒါဆိုရင် Skype ကအဲဒီအကောင့်ကိုရှာပါလိမ့်မယ်။ တွေ့ရင် Add Contact ကိုနှိပ်ပြီး Save လိုက်ပါ။
သေချာသဘောပေါက်အောင် အောက်ကပုံကို လေ့လာကြည့်နိုင်ပါတယ်။
တကယ်လို့ ခင်ဗျားနဲ့ပြောမယ့်သူက online ဖြစ်နေရင်တော့ Online ဆိုပြီးပြပေးမှာပါ။ ဒါဆိုရင်တော့ ဖုန်းခေါ်လို့ရပါပြီ။ ဖုန်းခေါ်မယ့်ပုံစံကို အောက်ကပုံတစ်ခုနဲ့ ပြပေးလိုက်ပါတယ်။
Voice call ဘေးနားက Call button လေးကိုနှိပ်လိုက်ရင် ဖုန်းစခေါ်တော့မှာပါ။ တကယ်လို့ ဟိုဖက်က Answer လုပ်မယ်ဆိုရင်တော့ စကားပြောလို့ရနေပါပြီ။ အဆင်ပြေကြပါစေဗျာ။
Credit-soesoediary

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages