Blogroll

Sunday, 3 March 2013

စစ်တွေ အိုးတန်းရပ်ကွက်မှ တိုက်အိမ် ပိုင်ရှင် ကန့်ကွက် ဆန္ဒပြ ခံရ

စစ်တွေမြို့ အိုးတန်းရပ်ကွက်မှ တိုက်ပိုင်ရှင် တစ်ဦးကို ဒေသခံ ပြည်သူ ၅၀ ခန့်က ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။
sittwe“သူတို့ အိမ်ရှေ့ကို ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကိုင်ပြီး သွားဆန္ဒပြကြတယ်။ ၂ ကြိမ်ပြပါတယ် ခင်ဗျား။ ပြရတဲ့ အကြောင်းက အိုအိုင်စီ လက်အောက်ခံ အဖွဲ့တွေကို သူတို့ပိုင်တဲ့ လေးထပ်တိုက် အဆောက်အဦးကို ဌားရမ်းတဲ့ အပေါ် မကျေနပ်တဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ် ခင်ဗျား” ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ဆန္ဒပြခံရသည့် တိုက်ပိုင်ရှင်မှာ စစ်တွေမြို့ အိုးတန်းရပ်ကွက် ရွှေသာလမ်းမှ ဦးစံရွှေအောင် ဖြစ်ကြောင်း သိရသည်။
ဆန္ဒပြသူ လူ ၁၀ ဦးခန့်သည် ဖေဖေါ်ဝါရီလ ၂၈ ရက် ညနေ ၇ နာရီခန့်တွင် ဦးစံရွှေအောင် တိုက်ရှေ့သို့ သွားရောက်ပြီး စုဝေး ဆန္ဒပြခဲ့ကြပြီး အိုအိုင်စီ လက်အောက်ခံ တူရကီ အန်ဂျီအို တစ်ခုအား ဦးစံရွှေအောင်ပိုင် လေးထပ်တိုက်အား ဌားရမ်းမူကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက်ကလည်း ရဟန်းသံဃာတော်များ အပါအ၀င် လူပေါင်း ၅၀ ခန့်က အဆိုပါ တိုက်ရှေ့သို့ စုရုံး ရောက်ရှိလာကြပြီး တူရကီ နိုင်ငံမှ အန်ဂျီအိုအား တိုက်ဌားရမ်းထားခြင်းကို ရပ်တန့်ရန် ဆက်လက် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။
“တိုက်ပိုင်ရှင် ပြောတာကတော့ ဆက်မဌားတော့ဘူး။ ကန်ထရိုက် စာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုမူကို နံနက် ၁၀ နာရီမှာ အောင်မြင်စွာနဲ့ ရုတ်သိမ်းလိုက်ပါတယ်” ဟု ဆိုသည်။
ယခုအခါ အနောက်နိုင်ငံ အန်ဂျီအိုများ အပါအ၀င် အိုအိုင်စီ အဖွဲ့ဝင် နိုင်များ ဖြစ်ကြသော တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံများမှ အန်ဂျီအို များသည် ရခိုင်ပဋိပက္ခ အလွန်ကာလတွင် လူ့အခွင့်အရေးဆိုင်ရာ စာနာမူ အကူအညီများ ပေးအပ်ရန် ဟု အကြောင်းပြကာ ရခိုင်ပြည်နယ်ထဲသို့ ၀င်ရောက်နေကြသည်ဟု ဆိုသည်။
ထိုအထဲမှ အန်ဂျီအို တချို့မှာ လူ့အခွင့်အရေးကို အကြောင်းပြပြီး နောက်ကွယ်တွင် နိုင်ငံရေး ပယောဂ မကင်းသော အလုပ်များကို ဆောင်ရွက်နေသည့် အပြင် ဘက်လိုက်မူများ ရှိနေသဖြင့် ဒေသခံ ရခိုင်ပြည်သူများမှ အဆိုပါ နိုင်ငံခြားမှ အန်ဂျီအိုများကို ရခိုင်ပြည်နယ်ထဲတွင် ရပ်တည်ခွင့် ပြုရန် မလိုလားကြဟု သိရသည်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages