Blogroll

Monday, 25 March 2013

မြေကမ္ဘာထိန်းသိမ်းရေး အထိမ်းအမှတ် ကမ္ဘာအ၀ှမ်းဆင်နွှဲ

ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ အဆောက်အဦးအတော်များများဟာ စနေနေ့ညက တနာရီကြာ အမှောင်ချပြီး မြေကမ္ဘာထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် Earth Hour လို့ခေါ်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုအကြောင်း လူတွေ သိရှိနားလည်လာစေရေး ရည်ရွယ်ပြီး ကမ္ဘာ့ သဘာဝ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ကြီးက ဒီလှုပ်ရှားမှုကို ဦးဆောင် ကျင်းပခဲ့တာပါ။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အီဖယ် မျှော်စင်၊ အမေရိကန် နယူးယောက်မြို့က Empire State အဆောက်အဦး၊ နောက် ဂျပန်နိုင်ငံက ဟီရိုရှီမား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဆောက်အဦးနဲ့ အင်္ဂလန်နိုင်ငံက ဘက်ခ်ကင်ဟမ် နန်းတော်ကြီးနဲ့ မျှော်စင်တံတားတို့လည်းပဲ လျှပ်စစ်မီးဖြတ်တောက်ပြီး တနာရီ အမှောင်ချတဲ့ ဒီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။


ပုဂ္ဂလိက နေအိမ်အဆောက်အဦးတွေလည်းပဲ ဒီလှုပ်ရှားမှုမှာ ပါဝင်ပါတယ်။ ကမ္ဘာမြေကြီး သာယာကောင်းမွန်စေရေး ထောက်ခံတဲ့အနေနဲ့ နိုင်ငံပေါင်း ၁၅၀ က သန်းပေါင်း ရာနဲ့ချီတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြကြောင်း စည်းရုံးလှုပ်ရှားသူတွေက ခန့်မှန်းပါတယ်။
Earth Hour လှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages