Blogroll

Sunday, 31 March 2013

ပုပ်ရဟန်းမင်းကြီးသစ်ရဲ့ ပထမဆုံး အီစတာပွဲတော်

ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အထိမ်းအမှတ် နဲ့ ဆင်နွှဲတဲ့ အီစတာ (Easter) ပွဲတော်ကို ကမ္ဘာအ၀ှမ်းက ခရစ်ယာန်ဘာသာဝင်တွေ တနင်္ဂနွေနေ့က ဆင်နွှဲနေကြပါတယ်။ ဒီပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။

အသစ်ရွေးချယ်တင်မြှောက်ခံရတဲ့ ရိုမန်ကက်သလစ်ဘာသာ ၀င်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis ကလည်း ဗာတီကန်ဘုရားကျောင်းက စိန့်ပီတာရင်ပြင်မှာ အီစတာပွဲတော်ကို ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် သူ စပြီး တာဝန်ယူချိန်အတွင်း ပထမဆုံး ဆင်နွှဲတဲ့ အီစတာပွဲတော်လည်း ဖြစ်ပါတယ်။


ဗာတီကန်မြို့တော်မှာ ဆင်နွှဲကြတဲ့ အီစတာပွဲတော်ကို ခရစ်ယာန်ဘာသာဝင်ပေါင်း ၂ သိန်းခွဲ တက်ရောက်ခဲ့ကြပါတယ်။ စိန့်ပီတာရင်ပြင်ကို ကြွလာတဲ့ ပုပ်ရဟန်းမင်းကြီးကို လူအုပ်ကြီးက ကောင်းချီးသြဘာတွေ ပေးခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ “ဗာတီကန် နဲ့ တကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်ဆီသို့” ဆိုတဲ့ ခေါင်းစဉ် နဲ့ ၀ရံတာပေါ်ကနေပြီး လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တကမ္ဘာလုံးမှာ အတိဒုက္ခအမျိုးမျိုးရောက်နေကြသူတွေအတွက် ငြိမ်းချမ်းကြပါစေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။

0 comments:

Post a Comment

Flag Counter
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ကျွန်တော်ဆိုဒ်ကို လာလည်တဲသူငယ်ချင်းများကို အမြဲတမ်းကြိုဆိုပါတယ် သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေဗျာ သတိ//onlineချစ်သူသည် ဘာတစ်ခုမှသိတာ တတ်တာမရှိတဲအတွက် မေးမြန်းချင်းသိခံပါ ကျွန်တော်ဆိုဒ်က copy တွေယူပြီးမျှဝေတဲ့ဆိုဒ်ဖြစ်တဲအတွက်ကြောင့်ပါ မိမိတိုယူချင်တာရှိရင် ယူသွားနိုင်ပါတယ် download လင့်တွေသေနေရင်းလည်း Cbox မှာပြောသွားပါဗျာ အားလုံးကျေးဇူးတင်၇ှိပါတယ်ဗျာ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Social Icons

Followers

အကြံပြုချက်များ၊သတင်းများ၊မွေးနေ့ဆုတောင်များထည့်ချင်ပါကစာရေးပြီမေးပို့ပေးနိုင်ပါတ်ာဗျာ

foxyform

မိမိတို့ ရဲဘလော့ကိုအမြဲမြန် သွပ်လွပ်ဆန်

Pages